(၁၀၄)

4.9K 584 29
                                        

Unicode



ဤအခိုက်အတန့်မှာ သံသယဖြစ်ဖွယ်မလိုလောက်အောင်ပင် ဖုရှောင်ယွီအတွက် အတွေ့အကြုံအသစ်၊ ခံစားမှုအသစ် ဖြစ်နေ၏။

တကယ်တန်းတွင် အယ်လ်ဖာနှင့် အိုမီဂါအကြား သို့နှယ် အနံ့ခံခြင်းဟူသည် များသောအားဖြင့် အယ်လ်ဖာဘက်မှ အစပြုလေ့ရှိတာပင်။

အယ်လ်ဖာက အိုမီဂါ၏ လည်တိုင်အနား ချဥ်းကပ်ပြီးလျှင် သူ၏ ဖီရိုမုန်းရနံ့ကို လွှတ်ထုတ်ကာ အိုမီဂါ၏ ဖီရိုမုန်းရနံ့ကို အတည်ပြုမည်ဖြစ်သည်။ ဤသည်က တိရစ္ဆာန်နှင့်တူသော ဗီဇကို အသုံးပြုကာ အိုမီဂါတွင် ကျန်းမာသော မျိုးပွားအင်္ဂါရှိ၊ မရှိနှင့် ထိုအိုမီဂါမှာ မိမိ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သတ်မှတ်အတည်ပြုလို၍ဖြစ်သည်။

သို့သော် အိုမီဂါများကမူ ကွဲပြားသည်။ Estrus ဝင်နေသည့် အိုမီဂါသည် အယ်လ်ဖာ၏ ဖီရိုမုန်းဖြင့် နှစ်သိမ့်ပေးခြင်း၊ ထွေးပွေ့လွှမ်းခြုံပေးခြင်းကို လိုအပ်သည်။ လိုအင်ဆန္ဒအရာတွင်လည်း လက်ခံသူအနေနှင့်သာရှိသည်။

မည်သို့ပင်ဆိုစေကာမူ ယခုတခဏတွင် ဖုရှောင်ယွီသည် အစွမ်းထက်ထိန်းချုပ်ဆေးကို ထိုးသွင်းထားပြီးဖြစ်၍ သူ၏ မျိုးပွားအင်္ဂါမှာ အလွန်တည်ငြိမ်သည့် အထိအထားတွင်ရှိနေသည်။ ထို့ကြောင့် ရွှီကျားလဲ့အပေါ် ရည်ရွယ်သည့် ထူးဆန်းသော ခံစားချက်မှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ဆန္ဒဇောက ပိုသာလွန်နေ၏။

အလုံပိတ်ထားသည့် ကားထဲတွင် သူ့ နှာခေါင်းမှ လေရှူသွင်းလိုက်လေတိုင်း ဆန်းသစ်သည့် စိတ်လှုပ်ရှားဖွယ် လှုံ့ဆော်မှုကို ဖြစ်စေသည်။

" ရှောင်ယွီ ... "

ထပ်ခါတလဲလဲ အနံ့ခံနေရခြင်းအား တောင့်မခံနိုင်တော့သည့်အဆုံးဝယ် ရွှီကျားလဲ့မှာ တိုးသက်စွာ ခေါ်ညည်းလိုက်မိရသည်။

သူသည် တခဏမျှ တုန့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် လည်ချောင်းအတွင်းမှနေ၍ ညည်းသံခပ်နိမ့်နိမ့် ထွက်လာ၏။

" ဟမ်း … "

ရွှီကျားလဲ့သည် ကားတံခါးလက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၍ လက်မောင်းရှိ သွေးကြောများပင် ထောင်ထလာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now