(၇၈)

4.4K 569 14
                                    

Unicode



ဖုကျင့်အား မွေးနေ့လက်ဆောင် ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဖုရှောင်ယွီမှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ရွှီကျားလဲ့ ရွမ့်ချန်သို့ ထွက်ခွာသွားသည့် နေ့လယ်ပိုင်းတွင် သူသည် Blue Rain နှင့် ဗီဒီယိုကွန်ဖရင့် လုပ်နေခဲ့တာဖြစ်၍ ထို့အတွက် ခွင့်တောင်းပြီး မီတင်မှ ခဏ ထွက်လိုက်သည်။ တကယ်တန်း ဖုန်းကိုင်ပြီး ထွက်လာတော့ ဘာမှ မပြောဘဲ လမ်းဘေးမှာ ရပ်နေသည့် ရွှီကျားလဲ့ကိုသာ ကြည့်နေသည်။

" ဘာလို့ ကြည့်နေတာလဲ "

ရွှီကျားလဲ့က မေးသည်။

" ကျွန်တော် ခင်ဗျားနဲ့ တခါတည်း လိုက်သွားရင် ပိုကောင်းမလားလို့ "

ဖုရှောင်ယွီက စိုးရိမ်နေသည့် အမူအရာဖြင့် ပြောပြီး ကားဘေးနားဆီ ခြေလှမ်း နှစ်လှမ်းမျှ တိုးလာသည်။

" အို ? "

ရွှီကျားလဲ့က Tesla ထဲသို့ ဝင်ကာ ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး

" မျက်နှာ အပျက်မခံချင်ဘူး မလား၊ နောက်ပြီး မီတင် ဆက်တက်ဖို့လည်း ရှိနေသေးတာကို၊ ဟုတ်တယ်ဟုတ် "

ဖုရှောင်ယွီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ပင် ကိုယ်ကိုကားပြတင်းပေါက်အနား ကိုင်းချလိုက်ကာ ရွှီကျားလဲ့အား တိုးတိုးလေး ပြောသည်။

" ဆောရီး၊ ရွှီကျားလဲ့၊ ကျွန်တော့်လုပ်ပုံက နည်းနည်းတော့ တာဝန်မဲ့သလို ဖြစ်သွားတယ် "

ဖုကျင့်ကို သူ့ဘက်က စတင်ပြီး သွားရှာတာမျိုး သူ တကယ် မလုပ်ချင်။

သို့သော်ငြား ရွှီကျားလဲ့၏ အကြံကို သဘောတူ လက်ခံလိုက်မိသည်ဆိုကတည်းက သူ့ စိတ်အတွင်းပိုင်း တနေရာမှနေ၍ ဖုကျင့်နှင့် သူ့အကြားရှိ သားဖဆက်ဆံရေးအား ပြန်ပြေလည်သွားဖို့ရာ တိတ်တခိုး မျှော်လင့်နေမိ၍ပင်ဖြစ်ပါ၏။ ဤသည်မှာ သူ့ မိသားစု ပြဿနာဖြစ်ပါလျက် ဖုကျင့်ကို ရင်မဆိုင်ချင်သည်နှင့် ရွှီကျားလဲ့အား ကသိကအောက်ဖြစ်စရာကောင်းသည့် အလုပ်ကို လုပ်စေခဲ့မိသည်။ ထိုစိတ်ကြောင့်ပင် သူ့ကိုယ်သူ တာဝန်မဲ့သလို ခံစားရစေ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now