Unicode
အခန်းပြန်လည် ဖွဲ့စည်းခြင်း
အိမ်ထောင်ပြုပြီးနောက် ရွှီကျားလဲ့ ပထမဆုံး စိုးရိမ်ရသည့်အရာမှာ အခန်းပြန်လည် ဖွဲ့စည်းခြင်းပင်ဖြစ်သည်။
မထင်မှတ်ပါဘဲ ဖုရှောင်ယွီသည် ကျူးယရှိ သူ၏ ကြီးမားသော ဇိမ်ခံအိမ်ကြီးထက် ရွှီကျားလဲ့၏ Uloft က အိမ်ကို ပိုနှစ်သက်နေသည်။
" ဘာလို့လဲ "
ရွှီကျားလဲ့သည် သူ့ မေးစေ့ကို လက်ဖြင့် ပွတ်ကာ စဥ်းစားကြည့်နေရင်း မနေနိုင်တော့ဘဲ ထုတ်မေးလိုက်မိ၏။
" ကိုယ့် အိမ်က မင်းရဲ့ အိမ်ထက် ပိုကောင်းတယ် ထင်လို့လား၊ အနံ့အသက်လေးလည်း ကောင်းတယ်လား "
" အင်း "
ဖုရှောင်ယွီက မကွယ်မဝှက်ဘဲ လေးလေးနက်နက်နှင့် ဆိုလာသည်။
" ရွှီကျားလဲ့၊ ကျွန်တော် ခင်ဗျားရဲ့ အိမ်ကို ကြိုက်တယ်၊ သက်တောင့်သက်သာရှိလို့ "
" ဟဲဟဲ၊ ဒါတော့ အမှန်ဘဲ "
ရွှီကျားလဲ့မှာ ဂုဏ်ယူမဆုံးနိုင်အောင်ဖြစ်ရသည်။ ကြည့်ရသည်မှာ သူ့ မြေခွေးဂူက တကယ့်ကို သက်တောင့်သက်သာရှိပုံရ၏။
" ဒါပေမဲ့ … "
ဖုရှောင်ယွီ၏ လေသံက ပြောင်းသွားသည်။ သူက ပတ်ပတ်လည်ကို တချက်မျှ ဝှေ့ကြည့်ကာ
" နည်းနည်းတော့ ကျဥ်းသလို ခံစားရတယ် "
" ကျဥ်းတယ်လား "
" အင်း "
ဖုရှောင်ယွီသည် အိပ်ခန်းဘက်ဆီ လျှောက်သွားကာ ရွှီကျားလဲ့၏ ဗီရိုကို ကြည့်လိုက်ပြီး ဆိုလာသည်။
" ရွှီကျားလဲ့၊ ကျွန်တော် လျှောက်လမ်းပါတဲ့ 'U' ပုံစံ ဗီရိုလိုချင်တယ်၊ ကျွန်တော့်မှာ ရှပ်အင်္ကျီတင် အထည်တရာနီးပါးရှိတယ်ဆိုတော့ စိတ်ကြိုက်တပ်ဆင်လို့ရတဲ့ လျှောဗီရို နှစ်တန်းပါ ပါမှရမယ်၊ ပြီးတော့ ဖိနပ်ထားဖို့ နံရံတခုလည်း လိုတယ်၊ ဘာနေနေ ကျူးယက ဟာထက်တော့ သေးလို့မရဘူး၊ နည်းနည်းကြီးရင် ပိုကောင်းမယ် "

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomantizmTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ