(၁၁၅)

5K 556 23
                                        

Unicode




ဝမ်ရှောင်ရှန်း ဆေးရုံသို့ လျင်မြန်စွာပင် ရောက်ရှိလာသည်။ တကယ်က သူ လုံးလုံး အမူးပြေသေးသည်မဟုတ်။ ဆေးရုံထဲ ဝင်လာပြီး စင်္ကြံတနေရာဆီ အကြည့်ရောက်သွားသည့်အချိန် သူ့ ပါးစပ်တောင် ဟလို့သွားသည်။

" ဥက္ကဋ္ဌဖု ... "

နာမည် အော်ခေါ်လိုက်ပြီးကာမှ ဆက်ပြောမည့် စကားတဝက်ကို မျိုချလိုက်ရ၏။ အရပ်ရှည်ရှည် အိုမီဂါသည် ခြေထောက်တွေကို ပျင်းရိစွာ ဆန့်တန်းထားလျက်က မျက်လုံးတွေ မှိတ်ထားပြီး မျက်နှာကို ရွှီကျားလဲ့၏ လည်တိုင်ကြား ဝှက်လို့ထားသည်။

အဖော်အချွတ်အက၊ ရှေ့ရောက်နေသည့် မော်တော်ဆိုင်ကယ်နောက် အမီလိုက်သည့်ဖြစ်စဥ် စသည်ဖြင့် မျက်မြင်တွေ့ထားပြီးဖြစ်သည့် ဝမ်ရှောင်ရှန်းအနေနှင့် ယနေ့ညတွင် တခုခု ကြီးကြီးမားမား ဖြစ်ပျက်တော့မည်မှန်း ကြိုတင်မှန်းဆထားမိသလိုရှိသော်လည်း အနှီမြင်ကွင်းကို အမှန်တကယ် တွေ့မြင်လိုက်ရသည့်အခါ သူ့ကို အံ့ဩတကြီးဖြစ်စေတုန်းပင်။

သူတို့၏ သူဌေး၊ အေးစက်ကာ မာကြောသည်ဟု နာမည်ကြီးသည့် ဖုရှောင်ယွီသည် ယခုတွင် အယ်လ်ဖာဖြစ်သူ ရွှီကျားလဲ့၏ ပခုံးပေါ် မှီထားလို့။ ထိုအမူအရာလေးမှာ တကယ်ကိုပင် နူးညံ့ပျော့ပျောင်းလို့နေပြီး အမြင်အရလည်း ထူးထူးခြားခြား ပျော်ရွှင်နေပုံပင်။

သူ့ထက် ပိုအံ့အားသင့်နေသူမှာ ဝမ်ဟွိုင်ရွှမ်းဖြစ်ပါ၏။

" သူတို့ အဲ့ဒါ ဘာလုပ်နေတာ … "

ဝမ်ဟွိုင်ရွှမ်းမှာ ဟောဟဲလိုက်နေရင်းက နှုတ်မှ လွှတ်ခနဲ ထွက်သွားသော်ငြား ပြီးအောင် ဆက်မပြောနိုင်ခင်ပင် ဝမ်ရှောင်ရှန်းက သူ့ကို အသာ လှမ်းဆွဲထားလိုက်သည်။

" ကျွန်တော် မဝင်တော့ပါဘူး၊ ဖုရှောင်ယွီကလည်း သူ အဆင်ပြေတယ်လို့ ပြောထားတယ်ဆိုတော့ အပြင်မှာပဲ စောင့်နေလိုက်တော့မယ် "

အဆုံးတွင် ဝမ်ဟွိုင်ရွှမ်းက စကားတခွန်းကို ညှစ်ပြီး ပြောလိုက်ရသည်။

တကယ်တော့ အစကတည်းက သူ လုံးဝ မလာချင်ခဲ့။

သူနှင့် ဖုရှောင်ယွီအကြား မျှော်လင့်ချက် မရှိမှန်း သိနေသည့်တိုင် သူ နှစ်သက်ရသည့် အိုမီဂါကို ရွှီကျားလဲ့က ထိုပုံစံနှင့် ဆိုင်ကယ်ပေါ် တင်ခေါ်သွားကတည်းက မခံမရပ်နိုင်ဖြစ်နေခဲ့ရပြီးဖြစ်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now