Unicode
ရွှီကျားလဲ့ ရွှမ့်ချန်သို့ ရောက်ခါနီးတွင် ဖုရှောင်ယွီဆီ ဖုန်းဆက်ပြီး သူ ရောက်ရှိနေသည့် တည်နေရာကို လှမ်းမေးလာသည်။
သို့ကျမှသာ ဖုရှောင်ယွီသည် "ရွှီကျားလဲ့ တကယ်ကြီး ရောက်လာတယ်" ဟူ၍ အသိစိတ် ဝင်လာသည်။ ထို့ကြောင့်ပင် ဖုရှောင်ယွီသည် မတ်တပ်ထရပ်ပြီး သူ့ ပတ်ဝန်းကျင်ကို တချက်မျှ ကြည့်လိုက်စဥ် ဟောင်းနွမ်းစုတ်ပျက်နေသည့် မြင်ကွင်းကြောင့် ရုတ်ခြည်း စိတ်မသက်မသာဖြစ်လာသလို ခံစားလိုက်ရသည်။
B မြို့တော်ရှိ ဘဝက မက်မောဖွယ်ရာဖြစ်ပုံရှိသည်။ သို့သော် နောက်ဆုံးပိတ် ခြုံငုံကြည့်လိုက်သည့် အခါတွင်ကား အားလုံးက အပေါ်ယံမျှသာ။ သူ၏ Lamborghini သည်လည်း ထို့အတူပင်။
သူ၏ မူလဇစ်မြစ်က ဤသေးငယ်လှသည့် ရွှန့်ချန်မြို့ဖြစ်ပြီး အရှိအတိုင်း တွေ့ မြင်ခွင့်ပေးဖို့ကို စဥ်းစားမိပြန်တော့ ဖုရှောင်ယွီမှာ စိတ်တွေ ကျဉ်းကျပ်လာပြီး ရှက်ရွံ့နေသလို ဖြစ်ရသည်။
" ဟေး ! "
သို့သော်ငြား ရွှီကျားလဲ့ကြောင့် သူ့မှာ အများကြီး ဆက်တွေးနေချိန် မရလိုက်။
ဖုရှောင်ယွီသည် ခြောက်ကပ်နေသည့် မြစ်ကြမ်းပြင်ကို ကြောင်တက်တက်နှင့် ငေးကြည့်နေတုန်း သူ့ ပုခုံးကို ရုတ်တရက် လက်ဖြင့် ပုတ်ခံလိုက်ရသည်။
" ဖုရှောင်ယွီ၊ မတွေ့ရတာ ကြာပြီ "
ဖုရှောင်ယွီသည် ထိုအချိန်တွင် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်ကို မဖော်ပြနိုင်။
သားရေဂျာကင်အင်္ကျီကို ၀တ်ဆင်ထားပြီး ကြောင်ထည့်ထားသည့် အိတ်တလုံးကို ကိုင်ဆောင်ကာ မြောက်လေတိုက်ခတ်မှုကြောင့် ဆံပင်များ ရှုပ်ပွနေသည့် အယ်လ်ဖာသည် ညအလင်းရောင်အောက်တွင် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ကို ကြည့်နေသည်။
ဖုရှောင်ယွီသည် ဤမြင်ကွင်းကိုတော့ဖြင့် တသက်လုံး အမှတ်ရနေတော့မည် ထင်၏။
" မ .. တွေ့တာကြာပြီ ရွှီကျားလဲ့ "
ဒီလောက်လေး ပြောတာကို သူ့မှာ လျှာက ခလုတ်တိုက်ချင်လိုက်သေးသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ