Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၆
သတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ M မြို့ရှိ ရွှီကျားလဲ့နှင့် ဖုရှောင်ယွီတို့၏ အိမ်ဂေဟာဆီသို့ ရောက်ရှိလာသည့် လူတွေ ပိုမိုများပြားလာလေရာ လူတွေ တဝုန်းဝုန်းနှင့် ပရမ်းပတာဖြစ်နေသည်ကို သဘာဝကျစွာပင်ရှောင်လွှဲလို့ မရတော့။
ဖုကျင့်နှင့် မုရုံကျင်းယတို့ အစေးမကပ်ကြခြင်းမှာ အသစ်အဆန်း မဟုတ်ချေ။ မည်သူကမျှ အရေးမကြီးသည့်နှယ် သဘောထားသည့် မုရုံကျင်းယ၏ ပုံစံမှာ ဟန်ဆောင်ပန်ဆောင်ရှိလွန်းသည်ဟု ဖုကျင့်က အထင်ရှိကာ မုရုံကျင်းယကမူ နာမည်ကြီး အမှတ်တံဆိပ်လိုဂိုကြီးတွေကို ထင်ရှားစွာပြသပြီး ကြွားတတ်သည့် ဖုကျင့်၏ အမူအကျင့်ကို အထင်အမြင်သေးကာ အရှက်ကင်းမဲ့သည်ဟု ယူဆသည်။
ထိုသို့သော သူနှစ်ဦး ကိုယ်ဝန်ဆောင် အိုမီဂါကို ပြုစုစောင့်ရှောက်ခြင်းတွင် သဘောထားကွဲလွဲမှု များစွာရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ဖုကျင့်သည် မိရိုးဖလာဓလေ့အတိုင်း ဖုရှောင်ယွီ၏ အစာအာဟာရအတွက် မကြာခဏဆိုသလို ဝက်နံရိုးနှပ်နှင့် ဝက်ခြေထောက် အစရှိသည်တို့ကို ချက်ပေးသည်။ သို့သော် မုရုံကျင်းယကမူ ကိုယ်ဝန်ဆောင်စဉ်အတွင်း လိုအပ်သည့် အာဟာရအတွက် မိရိုးဖလာနည်းကို လိုက်မည်ထက်စာလျှင် အာဟာရပညာရှင်ကသာ သိပ္ပံနည်းကျ ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု ယုံကြည်၏။ ထိုကဲ့သို့ သဘောထားကွဲလွဲမှုများမှာ အဆုံးမရှိပေ။
ထို့အပြင် ထိုအိုမီဂါ နှစ်ဦးစလုံးမှာ အလွယ်တကူ အလျှော့ပေးတတ်သူများ မဟုတ်ကြ။ ထိုအတောအတွင်း ရွှီကျားလဲ့နှင့် ရွှီလန်တို့သည် ဖုကျင့် ချက်ထားသည့် ဟင်းချိုများကို အပိုထပ်ဆောင်း သောက်ရရုံသာမက မည်မျှ ကောင်းပါကြောင်းကိုလည်း မနားစတမ်း အမွှမ်းတင်ကြရသည်။ သားအဖနှစ်ဦးမှာ စကားလုံးတွေ မလိုအပ်ဘဲ တဦးနှင့်တဦး နားလည်မှုအပြည့်ရှိကြသည်။
နောက်ဆုံးတွင် စားသောက်ရသည်ကို မပျော်ရွှင်တော့သည် ဖုရှောင်ယွီသည် သူ စားမည့် အစားအစာနှင့် ပတ်သက်၍ ရွှီကျားလဲ့ တဦးတည်းကသာ တာဝန်ယူရမည်ဟူ၍ တချက်လွတ် အမိန့်ထုတ်ကာ ထမင်းစားပွဲဆီမှ ဒေါသတကြီး ထထွက်သွားတော့သည်။ သို့နှင့် ထိုကိစ္စ တခန်းရပ်သွားသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
