(၄၃)

4.9K 678 18
                                    

Unicode


မြန်နှုန်းမြင့်ရထားများက ညဥ့်နက်ပိုင်းတွင် ပြေးဆွဲလေ့ မရှိ။ ရွှီကျားလဲ့သည် ညသန်းခေါင်ကြီးတွင် H မြို့တော်သို့ ကားဖြင့် နှစ်နာရီခရီး မောင်းပြီး သွားပစ်လိုက်ချင်စိတ်ကို မနည်း ဘရိတ်အုပ်ထားလိုက်ရ၏။

ဤသည်က လူ ပင်ပန်းမည်ကို စိုးကြောက်၍ မဟုတ်ချေ။ လက်ရှိ သူတို့ ဆက်ဆံရေးအရ အပိုတွေ လုပ်နေသလို ဖြစ်သွားမှာ စိုး၍သာ။

သူသည် ဝမ်းခေါ့ထံ WeChat မက်ဆေ့ချ် နှစ်ခု ပို့ပေးပြီး ဖုရှောင်ယွီသည် ဆေးရုံဘေးရှိ ဟိုတယ်တခုတွင် အခန်းယူထားကြောင်း သိလိုက်ရသည်။ ထို့နောက်တွင် ဝမ်းခေါ့ကော၊ ဖုရှောင်ယွီပါ အနားယူနေပြီဟု သေချာသွားသည့် အခါမှသာ အနည်းငယ် စိတ်သက်သာရာ ရတော့သည်။

ရွှီကျားလဲ့ ထင်နေသည်က ဖုရှောင်ယွီသည် ဟန်ကျန်းခေါ့ကို H မြို့တော်တွင် တိတ်တဆိတ်သွားတွေ့ပြီးသည်နှင့် နောက်နေ့ရောက်လျှင် ပုံမှန်အတိုင်း B မြို့သို့ ပြန်လာပြီး အလုပ်တက်မည်ဟူ၍။

သို့သော်လည်း နေ့လည်ပိုင်း Last Love မီတင် လုပ်သည့်အခါမှ ဖုရှောင်ယွီ ရှိမနေကြောင်း သိလိုက်ရတော့သည်။ သူ DingTalk ကို ဖွင့်လိုက်သည့်အချိန်တွင် ဖုရှောင်ယွီက "On Vacation" ဟု တင်ထားသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။

အားလပ်ရက် ?။

ဖုရှောင်ယွီက အားလပ်ရက် ယူထားသည်တဲ့လား။ ပြီးခဲ့သည့် ခြောက်လလုံးလုံးတွင် ရွှီကျားလဲ့သည် ဖုရှောင်ယွီ ခွင့်ယူသည်ကို တခါမှ မမြင်ဖူးခဲ့ချေ။

သူသည် မနေနိုင်တော့ဘဲ DingTalk မှနေ၍ မက်ဆေ့ချ် ပို့လိုက်သည်။

" မင်း ဘာဖြစ်လို့လဲ "

သူ စာတွေ ပို့လိုက်တိုင်း အမြဲလိုလို "မဖတ်ရသေး" ဟူ၍သာ ပြနေသည်။

ခွင့်ယူထားပြီး Ding talk မှ စာကို မပြန်သည်ကလည်း အံ့ဩဖွယ်ရာပင်။

ရွှီကျားလဲ့သည် နောက်ထပ် မေးခွန်းတွေ ထပ်မမေးတော့။ အလုပ်မှ ဆင်းသည်နှင့် H မြို့တော်သို့ ကားမောင်းပြီး ထွက်လာလိုက်သည်။ ပိတ်ရက်တွင် H မြို့ကို သွားသည့်အပြင် တခါတရံ ကြားရက်တွင် ဟန်ကျန်းခေါ့၏ အခြေအနေ တိုးတက်မှုကို စောင့်ကြည့်ပြီး ဝမ်းခေါ့ကို အဖော်ပြုပေးရန်အတွက် ရောက်သည့် အချိန်မျိုးလည်းရှိသည်။ သို့ဖြစ်၍ ရုတ်တရက် သူ ရောက်သွားလျှင်တောင် အထူးအဆန်းဖြစ်စရာ အကြောင်းမရှိတော့ပေ။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now