(၆၀)

3.3K 470 15
                                    

Unicode



" ဝမ်ရှောင်ရှန်း လာမှာ ? "

ဝမ်ရှောင်ရှန်း ရောက်လာမည်ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရချိန်တွင် ရွှီကျားလဲ့က ဟော့ပေါ့နှင့် တွဲစားရန်အတွက် အနှစ်စပ်နေချိန်ဖြစ်သည်။

" အင်း၊ ကျွန်တော့်မှာ အရေးတကြီး လက်မှတ် ထိုးပေးဖို့လိုတဲ့ စာရွက်စာတမ်းတွေ အများကြီးရှိတယ်၊ အဲ့တာနဲ့ သူ့ကို ဒီပဲ လာခိုင်းလိုက်တာ "

ရွှီကျားလဲ့က မျက်ခုံးပင့်လိုက်ပြီး

"ဒါဆို မင်း သူ့ကို ဘယ်လို ရှင်းပြလိုက်လဲ "

" အင်း .. "

ဖုရှောင်ယွီသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူ ထိုစဥ်က ပြောခဲ့သည့် စကားကို နောက်ထပ်တဖန် ပြောပြလိုက်သည်။

" သူ့ကို ကိုယ့်ဘာသာကိုယ် လာခဲ့၊ ဘယ်သူ့ကိုမှ ဘာမှ မပြောနဲ့ ဆိုပြီး ပြောထားတယ် "

ရွှီကျားလဲ့မှာ ဖုရှောင်ယွီအနေနှင့် သူ့ အိမ်တွင် ရောက်ရှိနေသည်ကို မည်သို့ ရှင်းပြခဲ့သနည်းဟူ၍ ရှင်းရှင်းလင်းလင်း မေးနေတာပင်။ ဖုရှောင်ယွီက သူ ပြန်ဖြေချင်သည်ကိုသာ ဖြေလာ၏။

" အို .. "

ရွှီကျားလဲ့၏ မျက်နှာထက်ဝယ် ကျီဆယ်လိုသည့် အရိပ်အယောင်တွေ ဖြတ်ပြေးသွားကာ အသံကို တမင်သက်သက်ပင် ဆွဲ၍ မေးလိုက်သည်။

ဖုရှောင်ယွီမှာ အနည်းငယ် ရှက်သွားရသည်။ သူ၏ ရုတ်တရက် ဖိတ်ခေါ်လိုက်မှုသည် တကိုယ်ကောင်းဆန်ကာ ကလေးဆန်သည့် အကွက်ဖြစ်၍ အပြစ်မကင်းစိတ်နှင့်အတူ ​အကြောင်းအရာကို ပြောင်းဖို့ ကြိုးစားလိုက်သည်။

" ရွှီကျားလဲ့၊ ကျွန်တော်တို့မှာ ဟော့ပေါ့အမယ်တွေ လုံလုံလောက်လောက် ရှိရဲ့လား "

" ရှိတယ် "

" ဒါဆို ကျွန်တော် ဒီပြင်ထားပြီးသား ပန်းကန်တွေကို စားပွဲပေါ် သွားတင်ထားလိုက်တော့မယ်နော် "

အိုမီဂါသည် ဟင်းသီး ဟင်းရွက်နှစ်ပန်းကန်ကို အမြန်ကောက်ယူလိုက်ပြီး မီးဖိုချောင်ထဲက ပြေးထွက်သွားတော့သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now