(၁၀၈)

4.1K 542 8
                                        

Unicode





ဖုရှောင်ယွီနှင့် ကျင်းချူတို့၏ တွေ့ဆုံမှုမှာ တမိနစ်မျှပင် မကြာလိုက်သေး။ ခပ်လှမ်းလှမ်းမှနေ၍ အခြေအနေကို စောင့်ကြည့်နေသည့် ရွှီကျားလဲ့က ချက်ချင်းဆိုသလို သူတို့ရှိရာဆီ ခြေလှမ်းကျဲကြီး​တွေဖြင့် ရောက်ရှိလာသည်။

သူသည် ဖုရှောင်ယွီနှင့် ကျင်းချူအကြား အသိအသာကိုပင် ရပ်၍ နေရာယူလိုက်ပြီး နန်ရီကို ငုံ့ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

" ဆွီတီ၊ အန်ကယ်ဝမ်းခေါ့ ရောက်ပြီ "

အနှီစကားတခွန်းမှာ သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် နန်ရီ၏ အာရုံကို ဆွဲဆောင်ဖို့ရာ အလွန်ထိရောက်သည့် လှည့်ကွက်တခုဖြစ်သည်။ ရွှီကျားလဲ့က နန်ရီကို ဝမ်းခေါ့ဆီ ခေါ်သွားလည်လေတိုင်း ကလေးငယ်သည် တနေ့လုံး ဝမ်းခေါ့အနားတွင်သာ ကပ်နေတတ်၏။ ဝမ်းခေါ့မှာ ထိုစဉ် ကလေးမရှိခင်ကတည်းက ကလေးများကို သဘာဝကျကျပင် ဆွဲဆောင်ထားနိုင်ပုံရသည်။

သူ မှန်းထားခဲ့သည့်အတိုင်းပင်။ နန်ရီလေး၏ ခေါင်းက ထောင်လာပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ချိန် မလှမ်းမကမ်းမှနေ၍ လေယာဉ်ဝန်ထမ်းတယောက်နှင့်အတူ လျှောက်လာနေသည့် ဝမ်းခေါ့ကို တွေ့လိုက်ရသည်။

" အန်ကယ်ဝမ်း ! "

နန်ရီသည် သူ့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ဝမ်းခေါ့ဆီ ပြေးသွားတော့၏။

ဝမ်းခေါ့သည်လည်း ကိုယ်ကို ကိုင်းကာ နန်ရီကို ဆီးကြိုပွေ့ဖက်လိုက်ပြီး

" နန်ရီလေး၊ မတွေ့ရတာ ကြာနေပြီကော၊ အန်ကယ့်ကို လွမ်းနေရဲ့လား "

နန်ရီက ချက်ချင်းပင် ခေါင်းတညိတ်ညိတ်နှင့် ပြန်ဖြေသည်။

" လွမ်းတာပေါ့ "

ရွှီကျားလဲ့သည် မူလက ဤအခြေအနေကို အခွင့်ကောင်းယူပြီး ဖုရှောင်ယီနှင့် စကားပြောချင်ခဲ့တာပင်။ မနက်အစောပိုင်းကတည်းက သူ့မှာ ဖုရှောင်ယွီနှင့် စကားပြောဖို့ရန် အခွင့်မသာခဲ့သေး။သို့သော်လည်း​ထိုခဏမှာပင်  ဧည့်ခန်းစပီကာဆီမှ ကြေငြာသံ ထွက်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now