Unicode
" ကြောင်ပေါက်လေး "
ဖုရှောင်ယွီ စိတ်ထဲမှနေ၍ အနှီစကားလုံးကို ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။ ဆိုလိုရင်း အဓိပ္ပါယ်ကို သူ သေချာ နားမလည်ခင်မှာပင် ချဥ်သက်သက်၊ ကြည်နူးဝမ်းနည်းဖွယ်ရာ ရောပြွမ်းပါသည့် ခံစားချက်က သူ့ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာဆီမှ တိုးထွက်လာခဲ့ပြီးဖြစ်နေသည်။
အလွန်ထူးကဲသည့် သာယာမှုအာရုံသည် ရှုပ်ထွေးပြီး အဆုံးမရှိနိုင်သည့် အကျိုးသက်ရောက်မှုကို ယူဆောင်လာခဲ့ပုံရသည်။ အထွတ်အထိပ်သို့ ရောက်ရှိပြီးသည့် အဆုံးတွင် ဗလာဖြစ်သွားသည့် ခံစားချက်နှင့် အထီးကျန်မှုတို့က အိုမီဂါကို သူ၏ အယ်လ်ဖာအနား တင်းတင်းကျပ်ကျပ် ဖက်တွယ်တိုးကပ်ထားစေကာ လွန်စွာမှ နုနယ်သည့် အခြေအနေသို့ ကျရောက်သွားရသည်။
ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ အဖိုးတန်ရတနာတခုကို ကြည့်နေသည့်အလား သူ့ မျက်လုံးတွေက စူးနှစ်လျက်ရှိသည်။ ဖုရှောင်ယွီမှာ အနှီအကြည့်တို့ကို မခံနိုင်တော့သည့်အဆုံး မျက်နှာကို ငုံ့ထားလိုက်ပြီး နှာခေါင်းသံ တိုးတိုးလေး ပြုမိသည်။
ဤသည်က အနည်းငယ် ရှက်စရာကောင်းသည်။
ရွှီကျားလဲ့သည် သူ့ကို ပြုံးလျက် ကြည့်နေရာမှ ထူးဆန်းသည့် ခလုတ်တခုကို ရှာတွေ့သွားသည့်နှယ် ဖုရှောင်ယွီ၏ ဗလာကျင်းနေသည့် တင်ပါးများကို ရုတ်တရက်ကြီး ထိကိုင်နေပြန်၏။
" အာ့ ... "
ဖုရှောင်ယွီသည် ပင့်သက်ရှိုက်လိုက်မိကာ သူ့ ခေါင်းကို ရွှီကျားလဲ့၏ လည်တိုင်ခွက်ထဲ နှစ်ထားလိုက်ပြီး တိုးညင်းပါသည့် ညည်းသံတွေ ထွက်ရှိလို့လာသည်။
" ဖုရှောင်ယွီ "
ရွှီကျားလဲ့က အိုမီဂါ၏ နားရွက်ဖျားကို ကိုက်ခဲလိုက်ပြီး
" ခုတော့ ညည်းသံလုပ်တဲ့ နေရာမှာ မင်း အရမ်းတိုးတက်လာပြီပဲ၊ တကယ်ကို နားထောင်လို့ ကောင်းတယ် "
ဖုရှောင်ယွီ၏ နားရွက်တွေသည် အနည်းငယ် ပူနွေးလို့လာပြီး တခဏမျှ စကားမဆိုနိုင်ဘဲရှိသည်။ ထို့နောက်မှ သူသည် မတတ်နိုင်စွာဖြင့် ရွှီကျားလဲ့ကို မော့ကြည့်လိုက်ပြီး
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
