(၉၈)

2.6K 477 39
                                    

Unicode

နှာခေါင်းမှ သွေးတွေ စီးကျလျက် တောင်းပန်စကားဆိုနေသည့် အယ်လ်ဖာကို ဖုရှောင်ယွီသည် ထိုအတိုင်းသာ ငေးကြည့်နေမိသည်။

"တောင်းပန်ပါတယ်" ဟူသည့် စကားလုံးကို ကြားလိုက်ရသည့် အခိုက်အတန့် သူ့တွင် ဖြစ်ပေါ်လာသည့် ခံစားချက်ကို မည်သို့ ဖော်ပြရမှန်း မသိနိုင်အောင်ပင် ဖြစ်ရသည်။

ဖုရှောင်ယွီသည် ညလေပြင်းအလယ် မတ်မတ်ရပ်နေရင်း မည်မျှပင် ဝမ်းနည်းပက်လက်ဖြစ်နေသော်ငြား မျက်လုံးချင်း မဆုံမိအောင် ရှောင်နေလိုက်၏။ သူသည် စကားတခွန်းမှ မဆိုဘဲ ထိုအတိုင်း ခေါင်းမာမာဖြင့်သာ ငေးကြည့်နေသည်။

" ကိုယ် တောင်းပန်ပါတယ် "

ရွှီကျားလဲ့မှာ အက်ရှစွာဖြင့် တောင်းပန်စကားကို ထပ်ခါ ထပ်ခါ ဆိုမိသည်။

" ရှောင်ယွီ၊ ကိုယ်တို့ လမ်းခွဲပြီးကတည်းက ဒီစကားကို ပြောချင်နေခဲ့တာ၊ ဒါပေမဲ့ ဘယ်လိုပဲ တွေးတွေ၊ ကိုယ့်မှာ တောင်းပန်ဖို့ အခွင့်အရေးတောင် မရှိမှန်း သိပါတယ်၊ တောင်းပန်ပါတယ်လို့ ပြောပြီးသွားရင်တောင် ကိုယ် ဘာဆက်လုပ်ရပါတော့မလဲ၊ ကိုယ် တကယ်ပဲ ဘာဆက်လုပ်သင့်လဲ "

" တကယ်က ကိုယ့်မှာ တောင်းပန်တယ်ပြောဖို့တောင် အရည်အချင်းမှ မရှိတာပဲ "

အယ်လ်ဖာသည် နာကျင်စွာဖြင့် နှာတချက်မျှ ရှုံ့လိုက်၏။

" မင်း ဗီယက်နမ်ကို သွားနေတုန်းက ကိုယ် DingTalk ဂရုချက်ထဲက စာတွေ တရက်ကို အကြိမ်ရေ ဒါဇင်ကျော်မက ဝင် ဝင်ပြီးစစ်တယ်၊ ကိုယ့်လုပ်ရပ်က အရူးနဲ့ တူနေမှန်းလည်း သိပါရဲ့၊ ဒါပေမဲ့ မင်းဆီမှာ တခုခုမှားယွင်းနေမှန်း သတိထားလိုက်မိတဲ့ အချိန်မှာ ကိုယ် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘူး၊ အဲ့လိုနဲ့ မနက်အစောကြီး ဗီယက်နမ်ကို ရောက်လာတော့လည်း ဗီဇာသက်တမ်း ကုန်နေလို့ တန်းစီရပြန်တယ်၊ မသိရင် ပျက်စီးဖို့ အကြောင်းတရားတွေ တိုက်ဆိုင်နေသလိုချည်းပဲ၊ နောက်ဆုံးတော့ မင်းကိုတွေ့ဖို့ ဆေးရုံရောက်လာတယ် "

ထိုနေ့က အဖြစ်အပျက်ကို ပြန်တွေးမိသည့် ခဏဝယ် ရွှီကျားလဲ့သည် ​ စကားကို ခဏမျှ ရပ်လိုက်ရသည်။ သူသည် ခံစားချက်ကို ထိန်းနိုင်ရန်အတွက် နှာခေါင်းမှ စီးကျလာသည့် သွေးတွေကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now