(၁၁၉)

4.7K 552 27
                                        

Unicode






" ရှောင်ယွီ၊ ရောက်ပြီလား "

ဟန်ကျန်းခေါ့နှင့် ဝမ်းခေါ့တို့သည် လူအများရှေ့မှ ဖြတ်လျှောက်လာပြီး ဖုရှောင်ယွီတို့နားရောက်သည်တွင် ရပ်လိုက်သည်။

" ဟန်ကျန်းခေါ့၊ ဝမ်းခေါ့ "

ဖုရှောင်ယွီက ခေါင်းကို မော့လိုက်ပြီး ချောမောခန့်ညားနေသည့် သတို့သားစုံတွဲကို ကြည့်ကာ

" ဒီနေ့ မင်းတို့ ... "

သူသည် အမြဲတမ်း တည်ငြိမ်နေတတ်သူဖြစ်သော်ငြား ယခုအခိုက်အတန့်တွင်မူ စိတ်တွေလှုပ်ရှားလို့နေပြီး အသက်ကို အရင်ဝအောင်ရှူလိုက်ရကာ တိုးတိုးလေး ဆက်ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်စလုံး ဒီနေ့ အရမ်းကို ချောတာပဲ "

အနှီချီးကျူးစကားမှာ အနည်းငယ် ဖန်တရာတေနေပြီဖြစ်သည့်တိုင် ရိုးသားမှု အပြည့်အဝပါဝင်သည်။

ဝမ်းခေါ့နှင့် ဟန်ကျန်းခေါ့တို့မှာ ထပ်တူညီသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်တွင်မူ ထိုင်းရိုးရာမင်္ဂလာပန်းကုန်းကို ချိတ်ဆွဲတန်ဆာဆင်ထားကာ လက်တွင် ပတ်ထားသည့် Rolex နာရီများပင်လျှင် စုံတွဲနာရီဖြစ်ချေ၏။

သို့သော် လူအများအား အစွဲဆောင်နိုင်ဆုံးကမူ သူတို့၏ အမူအရာတွေပင်။

" ကျေးဇူး "

သူတို့နှစ်ဦးသည် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပြီး ဖုရှောင်ယွီကို စကားမဆိုခင် တယောက်ကို တယောက်ကြည့်ကာ ပြုံးနေလိုက်ကြသေးသည်။

" ရှောင်ယွီ ... "

ဟန်ကျန်းခေါ့က အနည်းငယ် ရှေ့သို့ တိုးလာသည်။

အားရပါးရ ပြုံးလိုက်ချိန်မျိုးတွင် သူ့ ပုံစံက အနည်းငယ် တုံးအသည့်ပုံ ပေါက်သွားမှန်း သိသိချည်းနှင့်တောင် ဟန်ကျန်းခေါ့သည် မျက်နှာပေါ်မှ အပြုံးကို မထိန်းနိုင်ပါချေ။ ပြုံးနေရင်း ခေါင်းကို အနည်းငယ် ငုံ့ထားရာမှ  နက်မှောင်လှပသည့် မျက်လုံးများဖြင့် ဖုရှောင်ယွီကို ပြန်မော့ကြည့်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now