အချပ်ပို (၉)

424 137 3
                                    

Unicode


ကိုယ်ဝန်ဆောင်ခြင်း - လေး



" ကိုယ်ဝန်ရှိသွားတော့ ဘယ်လိုခံစားရလဲ "

ဆေးရုံသို့ သွား၍ ဆေးစစ်စရာရှိသည်များကို ခံယူပြီးသည့် နေ့မှာပင် ဝမ်းခေါ့က သတင်းကောင်းအား ချီးကျူးဂုဏ်ပြုဖို့ရာ ဖုန်းဆက်လာပြီး ဖုရှောင်ယွီကို ထိုသို့ မေးခြင်းပင်။

" အရမ်းစိတ်လှုပ်ရှားပြီး ပျော်တယ် "

ထိုစဥ်တုန်းက ဖုရှောင်သည် သို့နှယ် ပြန်ဖြေခဲ့ပါ၏။

ပြီးတော့လည်း ထိုနေ့ထဲမှာပင် ဆရာဝန်က သူ၏ ကိုယ်ဝန်မှာ တလသားမျှ ရှိနေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ ကိုယ်ဝန်အစောပိုင်းအဆင့်များတွင် ဖီရိုမုန်း မတည်မငြိမ်ဖြစ်တတ်လေ့ရှိသောကြောင့် ကိုယ်ဝန်စမ်းသပ်သည့် ကိရိယာများနှင့် စမ်းသပ်ခြင်းမှာ ရလဒ်အမှားများရှိတတ်သည်ဟူ၏။ ထို့အပြင် Heat ဝင်နေဆဲကာလမျိုးတွင်လည်း မှားယွင်းတတ်လေ့ရှိကြောင်း ရှင်းပြသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်အတော်ကြာ စောင့်မျှော်ပြီးနောက် ကိုယ်ဝန်ရှိသည်ကို အတည်ပြုပြီးချိန်တွင် ဖုရှောင်ယွီမှာ အထူးပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူ့မှာ ရင်သွေးလေးရှိတော့မည်။

ထိုသတင်းအား ဝမ်းခေါ့ကိုသာမက ဟန်ကျန်းခေါ့၊ ဖုကျင့်၊ ဝမ်ရှောင်ရှန်းတို့ကိုလည်း ကြေညာခဲ့သည်။ ရွှီကျားလဲ့က ရွှီလန်ကို ဖုန်းဆက်ပြောနေချိန်တွင်ပင် တခဏမျှ ခိုးပြီး နားစွင့်နေမိသေး၏။

အစောပိုင်း ကိုယ်ဝန်ဆောင်ကာလအတွင်း မသက်မသာဖြစ်ရသည်မျိုး မရှိသလောက်ပင်။ ကျန်းမာသည့် A လယ်ဗယ် အိုမီဂါဖြစ်၍ ကိုယ်ဝန်အစောပိုင်းအဆင့်တွင် သိပ်ပြီး မပြင်းထန်သည့် ကိုယ်လက်နှီးနှောမှုကို လုပ်ဆောင်နိုင်ကြောင်း ဆရာဝန်က ဆိုသည်။

ကိုယ်ဝန်ဆောင်ရသည်ထက် ပိုပြီး ပြည့်စုံသည့်အရာ တခုမှ မရှိနိုင်ဘူးဟုပင် ထင်မိသည်။ အတိုချုပ်ဆိုရလျှင် ကိုယ်ဝန်ဆောင်သည် အသစ်စက်စက်လေး ဖုရှောင်ယွီမှာ အလွန့် အလွန်ပင် ပျော်ရွှင်နေပါ၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now