Unicode
ဖုရှောင်ယွီ၏ အသက်ရှူသံ ပြင်းပြင်းနှင့်အတူ သူ၏ မျက်နှာကလည်း ရိုက်ခတ်လာသည့် ရေငွေ့များကြောင့် နီမြန်းလို့လာပြီး နဖူးထက်ရှိ ဆံစဝယ် ရေစက်တို့က တွဲလဲခိုနေသည်။
" အွန်း "
ခပ်ဖျော့ဖျော့နှင့် တိုးလျလှသည့် "အွန်း" သံက ရွှီကျားလဲ့ကို အထူးပင် စိတ်လှုပ်ရှားစေ၏။
" ဘာ အွန်း ? "
သူသည် လေသံကို တမင်တကာ မြှင့်လိုက်ပြီး ထပ်မေးသည်။
" ကျွန်တော် ပြောတာ .. "
ဖုရှောင်ယွီသည် ပထမတွင် သူ ဆိုလိုသည်ကို ရွှီကျားလဲ့ နားမလည်ဘူးဟု အထင်ရှိလိုက်သည်။ ထို့ကြောင့်ပင် ခေါင်းကို မော့လိုက်ပြီး ခပ်တိုးတိုးလေး ထပ်ပြောလိုက်၏။
" ကောင်းပြီလို့ "
ရွှီကျားလဲ့မှာ မရယ်ဘဲ မနေနိုင်တော့။ သူသည် အိုမီဂါ၏ မေးစေ့ကို ပင့်မ လိုက်ပြီး ကြောင်မျက်လုံးကဲ့သို့ ဝိုင်းစက်စက် မျက်ဝန်းတွေကို သူ့ဆီ တည့်တည့် ကြည့်စေလိုက်ကာ
" ဖုရှောင်ယွီ၊ မင်းက အရမ်းကို လိမ္မာနေတယ်ပေါ့လေ၊ ကိုယ် လုပ်ချင်တာကို လုပ်ခွင့်ပေးမယ်ပေါ့၊ ဟုတ်လား "
" … "
ရွှီကျားလဲ့၊ ခင်ဗျားက စိတ်ရှုပ်စရာ ကောင်းလိုက်တာ။
သူ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ လည်ပင်းကို ဦးစွာ သိုင်းဖတ်လိုက်ပြီး အယ်လ်ဖာ၏ မေးစေ့ကို အသာအယာ ကိုက်ခဲလိုက်၏။
ရေချိုးကန်က အနည်းငယ် ကျဉ်းနေသည်။
ဖုရှောင်ယွီ၏ ရေချိုးကန်မှာ သူ့ အိမ်ကလောက် မကျယ်သော်ငြား ရွှီကျားလဲ့ကမူ အနေတော်လောက်ပဲဟု ထင်မိသည်။
သူသည် ဖုရှောင်ယွီ၏ ခြေထောက်နှစ်ဖက်ကို ခြေကျင်းဝတ်မှနေ၍ ဆွဲကိုင်မြှောက်လိုက်ပြီး ရေချိုးကန် အစွန်း တဖက်တချက်တွင် တင်ထားလိုက်ကာ သူကမူ ခြေနှစ်ချောင်းကြား ဝင်ထိုင်လိုက်၏။
" အာ့ "
ရုတ်တရက်ဆိုသလို ဖုရှောင်ယွီဆီမှ အာမေဋိတ်သံ ခပ်တိုးတိုး ထွက်လာသည်။ ရေချိုးကန်ထဲရှိ ရေအမြင့်သည် စင်တီမီတာ အနည်းငယ်မျှ မြင့်တက်လာသည့်တိုင် သူတို့၏ ခန္ဓာကိုယ်ကိုမူ လုံးလုံး မနစ်မြုပ်နိုင်ပါချေ။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ