(၁၀၃)

4.5K 605 37
                                        

Unicode




ရွှီကျားလဲ့ဆီ မက်ဆေ့ချ်ပို့လိုက်စဥ်ဝယ် ဖုရှောင်ယွီသည် ခဏတာမျှ လှဲလျောင်းအနားယူနေတာဖြစ်သည်။ ပြတင်းပေါက်တွေ စေ့ပိတ်ထား၍ အခန်းတွင်းလေထုက အနည်းငယ် မွန်းကျပ်စရာဖြစ်နေသည့်တိုင် ဖုရှောင်ယွီက ခေါင်းမာမာဖြင့် သူ့ကိုယ်သူ စောင်နှင့် ထွေးပတ်ထားဆဲ။

မတိုင်မီက ရွှီကျားလဲ့ကို မတုံ့ပြန်ခြင်းမှာ သူ့စိတ်က အနည်းငယ် မငြိမ်မသက်ဖြစ်နေ၍ပင်။

Heat ကို ရင်ဆိုင်ဖြတ်သန်းရခြင်းဟူသည် သူနှင့် စိမ်းသက်သည့်အရာတော့ မဟုတ်ရပါပေ။ အစွမ်းထက် Inhibitor ထိုးလိုက်ပြီးသည်နှင့် မီးမြိုက်နေသလို ပူလောင်နေမှုကော၊ နာကျင်မှုကိုပါ သိပ်မခံစားရတော့သလောက် သက်သာသွားသည်။

သို့သော် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခြင်းထက် အိုမီဂါ၏ ပွင့်ပြီးဖြစ်နေသည့် ဆန္ဒခလုတ်ကို အားပြင်းသည့် ထိန်းချုပ်ဆေးအာနိသင်ဖြင့် အတင်းအကျပ် ပိတ်လိုက်ခြင်းဖြစ်၍ အောင့်သက်သက်နှင့် မသက်မသာဖြစ်စေသည့် ဝေဒနာက ပေါ်လာသည်။

ရွှီကျားလဲ့နှင့်အတူ Heat ကာလကို စစ်မှန်စွာဖြတ်သန်းခဲ့ရတုန်းကမူ သို့ကလို ရုတ်ခြည်းဆန်ကာ မမြင်တွေ့နိုင်သည့် သွေးကြောမျှင်အတွင်းမှနေ၍ တစတစ ဆိုးရွားလာသည့် မသက်မသာဖြစ်ခြင်းမျိုးကို သတိထားမိဖို့ရန်မှာ ခက်ခဲသည်။ ယခုတော့ဖြင့် ထိုဝေဒနာသည် တိတ်တဆိတ် ထွက်ပေါ်လာပြီး လျစ်လျူရှုဖို့ရာ ပိုခက်ခဲလာ၏။

ညကိုးနာရီဝန်းကျင်လောက်တွင် ဝမ်းဗိုက်အောက်ပိုင်းဆီမှ ထုံကျင်မှုနှင့် လစ်ဟာနေသလို ခံစားချက်ကြီးက တဖြေးဖြေး ပြန့်နှံ့လာသည်။ ဤသည်မှာ ချုပ်နှောင်ခံထားရသည့် ဆန္ဒမီးပွားတွေက ပေါက်ကွဲထွက်ချင်၍ တာဆူနေသည့်နှယ်။

ဖုကျင့်က သူ့ကို ပဲပိစပ်အနှစ်နှင့် ခေါက်ဆွဲ လုပ်ထားပေးသော်ငြား သိပ်မစားဖြစ်။

ဖုကျင့်၏ ဟင်းချက်လက်ရာကို စားလိုက်ရလေတိုင်း ဖုရှောင်ယွီသည် သူ၏ ဖရိုဖရဲနှင့် ငယ်ဘဝကို ပြန်အမှတ်ရမိဆဲ။ ဖခင်ဖြစ်သူသည် ဖက်ထုပ်၊ ခေါက်ဆွဲနှင့် ထမင်းကြော် လုပ်ကျွေးရသည်မျိုးကို နှစ်သက်သော်ငြား အဓိကဟင်းလျာကိုမူ သူတို့တွေ ကျေနပ်ပြည့်အင်နေသည့်နှယ် အမြဲလိုလို ချန်လှပ်ထားခဲ့လေ့ရှိသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now