Unicode
ကမ်းခြေက ပုံကို ဖုရှောင်ယွီ ဖျက်လိုက်သည့် နေ့မှာပင် ရွှီကျားလဲ့ တန်းသိသည်။
ဖုရှောင်ယွီ WeChat တွင် ပုံတင်လျှင် သုံးရက်တာ ကြည့်ရှုခွင့် ဆက်တင်နှင့် တင်တာ မဟုတ်သည့်အပြင် Moments တခုလုံးတွင် ပုံ နှစ်ပုံမျှသာရှိ၍ ဝင်ကြည့်လိုက်ရုံနှင့် တန်းသတိပြုမိမည်ဖြစ်သည်။
သူတို့ နှစ်ယောက်၏ စုံတွဲဓါတ်ပုံ မရှိတော့။ ကျန်သည်ဆို၍ နေဝင်ချိန်တွင် ရိုက်ထားသည့် စွန့်ပစ်ခံ အပန်းဖြေဥယျာဉ် ပုံ တပုံသာ။
ရွှီကျားလဲ့သည် ဆေးလိပ်သောက်နေရင်း သူ့ ဖုန်းကို ကြည့်နေ၏။
သူလည်း ထိုနေရာတွင် ရှိခဲ့ဖူးပေသည်။
သူသည် "သတိလစ်နေသေးတဲ့ ဟန်ကျန်းခေါ့ကို မင်းနှလုံးသားထဲမှာပဲ ခဏသိမ်းထားလိုက်ပြီး မင်းကိုယ်တိုင်အတွက် ရှေ့ဆက်နိုင်ဖို့ ကြိုးစား" ဟူသည့် စကားတခွန်းကို ပြောဖို့ရာအတွက် ရွှမ့်ချန်သို့ သုံးနာရီကြာ ကားမောင်းသွားပြီး ဖုရှောင်ယွီနှင့် ဆေးတွေ ကွာနေပြီဖြစ်သည့် ပင်လယ်ဓားပြသင်္ဘောပေါ်တွင် အတူရှိနေခဲ့ဖူးသည်။
ထိုကနေ နွေရာသီတခုစာသာ ကုန်လွန်သွားခဲ့သော်လည်း ဟန်ကျန်းခေါ့ ပြန်သတိရလာပြီး ခုဆိုလျှင် ဝမ်းခေါ့ကလည်း ချစ်စရာကောင်းသည့် ကလေးလေး နှစ်ယောက်ကိုပင် မွေးဖွားပြီးခဲ့ပြီ။
သူနှင့် ဖုရှောင်ယွီကမူ လုပ်ဖော်ကိုင်ဖက်မှသည် ချစ်သူတွေအဖြစ်သို့ တက်လှမ်းခဲ့ကြပြီး ယခုတွင် လမ်းခွဲလိုက်ကြလေပြီ။
ဤတကြိမ်မှာတော့ဖြင့် ကိုယ်စီ ကိုယ်စီ ကိုယ့်လမ်းကိုယ် လျှောက်ကြရမည့်သူမှာ သူနှင့် ဖုရှောင်ယွီပင် ဖြစ်ပါ၏။
ဘဝဆိုသည်ကလည်း အမြဲ ပြောင်းလဲနေသည့် သုံးရာသီလိုပင်။ မသိလိုက်ခင်မှာပင် ဆောင်းဦးသို့ ရောက်ရှိပေတော့မည်။
တွေးနေရင်းနှင့်မှ ရွှီကျားလဲ့၏ ရင်ဘတ်ကြီး တခုလုံး စူးနှစ်နာကျင်လို့လာသည်။
ဤရက်တွေအတွင်း သူ့ အပြုအမူတွေကလည်း ထူးဆန်းနေခဲ့သည်။
တဖက်မှာတော့ သူ အရမ်း အလုပ်ရှုပ်နေသည်။ နေ့အချိန်များတွင် နန်ရီကို သွားစောင့်ပြီး ဆေးရုံ ဆင်းလို့ရပြီဆိုပြန်တော့ သူပဲ အကုန် လိုက်စီစဉ်ရသည်။ ညဘက် အိမ်ပြန်ရောက်သည့်အခါ ဖုရှောင်ယွီ၏ အဝတ်အစားနှင့် ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းရသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ