Unicode
ဖုရှောင်ယွီ ပြောပြီးသွားသည်နှင့် ပတ်ဝန်းကျင်တခုလုံး ရုတ်ခြည် တိတ်ဆိတ်သွားသည်။
ညီကိုတွေ၏ အကြည့်တွေက သူ့ နောက်ကျောဆီ စုပြုံရောက်ရှိနေကြသည်ကို ရွှီကျားလဲ့ ချက်ချင်း ခံစားလိုက်ရသည်။ အနှီခံစားချက်က ..
သူ့ စိတ်ထဲ ဖြစ်ပေါ်နေသည့် ခံစားချက်ကို တကယ်တန်း ဝန်ခံရမည်ဆိုပါလျှင် အယ်လ်ဖာတယောက်၏ ရုန့်ရင်းခက်ထန်သည့် သဘာဝဆီမှ ရုန်းထွက်မရနိုင်သေးသည့် အဆင့်တွင်သာ ရောက်ရှိနေသေးသည်ဟု ဆိုနိုင်၏။
မိမိကိုယ်ကို ယုံကြည်လွန်းပြီး နှစ်လိုဖွယ်ရာ ကောင်းလွန်းသည့် အိုမီဂါက လူအများကြီးရှေ့တွင် "ကျွန်တော်က သူ့ကို လိုက်ပိုးပန်းနေတုန်းပါ" ဟု ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ ထိုအချိန်တွင် နှစ်ထောင်းအားရမှု၊ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ စိတ်ချယုံကြည်မှုတို့နှင့်အတူ လူကလည်း ခြေထောက်နှင့်မြေကြီး မထိတော့သလိုပင် ထင်လိုက်မိသည်။
ခံစားချက်က ပိုးစိုးပက်စက် ကောင်းလွန်းသည်။
သို့သော်လည်း ရွှီကျားလဲ့သည် သူ့စိတ်ထဲကနေ စက္ကန့်ပိုင်းမျှသာ အောင်ပွဲခံရဲသည်။ ချက်ချင်းပင် သူ့ နဂိုဟန်ပန်အတိုင်း နျင်ဇီ၏ လက်ထဲမှ တစ်ရှူးအစိုကို အလျင်အမြန်ပင် တည်ငြိမ်စွာ လှမ်းယူလိုက်ပြီး ဖုရှောင်ယွီ၏ မျက်နှာပေါ်မှ ချွေးစေးတွေကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
" ခု အရမ်း မနာတော့ဘူး "
ဖုရှောင်ယွီသည် ယခုတွင် အနည်းငယ် သက်သာလာသလိုရှိကာ ရွှီကျားလဲ့ အရမ်း မစိုးရိမ်တော့စေရန်အတွက် ခေါင်းကို မော့ကာ တိုးတိုးလေးပြောလိုက်သည်။
" ဟုတ်လား "
ရွှီကျားလဲ့က ခေါင်းတချက် ဆတ်ပြလိုက်ပြီး
" ကြွက်သား ဒဏ်ဖြစ်သွားတာလောက်ပဲ နေမှာပါ၊ ဒါပေမဲ့ သေချာအောင်လို့ ဆေးရုံတော့ သွားမှ ရမယ် "
လူနာတင်ကားက မြန်မြန်ဆန်ဆန်ပင် ရောက်လာသည်။ ဖုရှောင်ယွီကို လူနာတင်ကားထဲ ထည့်အပြီးတွင် အားမုန့်၊ နျင်ဇီနှင့် တခြားသူတွေကပါ သူတို့နောက်ကနေ အတူ လိုက်လာချင်ကြသော်လည်း ရွှီကျားလဲ့က တားလိုက်ပြီး

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ