(၁၁၆)

3.8K 530 13
                                        

Unicode




သူ အပေါ်ထပ်ကို တက်သွားတော့ မနက်အစောကြီးရှိသေးသည်။ ကျင်းချူပဲ နိုးနေ၍ပဲလားမသိ၊ ရွှီကျားလဲ့က တံခါးကို ခေါက်သည်ဆိုရုံမျှသာ ခေါက်လိုက်သော်ငြား လျင်မြန်စွာပင် လာဖွင့်ပေးသည်။

" ရောက်ပြီလား "

ကျင်းချူက သူ့ကို နှုတ်ဆက်ပြီး ရုတ်တရက်ဆိုသလို လက်မောင်းပေါ် အကြည့်တွေ ရောက်သွားကာ အံ့သြတကြီးနှင့် မေးတော့သည်။

" မင်း လက်က ဘာဖြစ်တာလဲ၊ ဒဏ်ရာရထားတာလား "

" ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး "

ရွှီကျားလဲ့က ကျင်းချူ အစိုးရိမ်မလွန်စေရန် တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

" ဆိုင်ကယ်စီးရင်း ဒဏ်ရာ နည်းနည်းရသွားတာ၊ အပေါ်ယံဒဏ်ရာလောက်ပဲမို့ ခုပဲ ဆေးရုံမှာ ဆေးသွားထည့်ပြီး ပြန်လာတာ "

ကျင်းချူက ပါးစပ်ကို ဖွင့်လိုက်သေးသော်လည်း နောက်ဆုံးတွင် ဘာမှ ထပ်မမေးတော့။ နှစ်ယောက်သား တံခါးဝတွင် စက္ကန့်အနည်းငယ်ကြာ ရပ်နေကြရင်း စကားစပြောဖို့ရာ ချီတုံချတုံ ဖြစ်နေကြသည်။

နောက်ဆုံးတွင် ကျင်းချူက တိုးတိုးလေး ပြောလာသည်။

" နန်ရီ အိပ်ပျော်နေတုန်းဆိုတော့ ဝရန်တာဘက် သွားပြီး စကားပြောကြမလား "

ရွှီကျားလဲ့က ခေါင်းညိတ်ပြလိုက်ပြီး ကျင်းချူ အနောက်ကနေ လိုက်လာသည်။ ​အိပ်ခန်းထဲ ဖြတ်လျှောက်လာရင်း အိပ်ပျော်နေသည့် နန်ရီကို တွေ့သည့်အခါ ရွှီကျားလဲ့မှာ လှည့်မကြည့်ဘဲ မနေနိုင်။

ကြိမ်ကုလားထိုင်ပေါ် ဝင်ထိုင်လိုက်စဉ် ရွှီကျားလဲ့သည် စားပွဲငယ်လေးပေါ်တွင် ဖွင့်ထားသည့် ဘီယာတလုံးကို တွေ့လိုက်ရပြီး ကျင်းချူကို အလိုလိုလှည့်ကြည့်လိုက်မိသည်။

" ငါ နည်းနည်းပဲ သောက်ထားတာ "

ကျင်းချူသည်လည်း ရွှီကျားလဲ့ ဘေးတွင် ဝင်ထိုင်လိုက်ကာ

" ကျားလဲ့ ... "

သူက ရွှီကျားလဲ့၏ နာမည်ကို ခေါ်ထုတ်လိုက်သော်လည်း နောက်ဆက်တွဲ စကားကိုမူ ဆက်ပြောမလာ။ သူသည် လသာဆောင် အပြင်ဘက်ရှိ အပန်းဖြေစခန်း၏ ရှုမျှော်ခင်းကို ကြည့်ရင်း အာရုံတွေ ပျံ့လွင့်သွားဟန်ရှိသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now