(၉၆)

4.4K 631 43
                                    

Unicode


ဖုရှောင်ယွီသည် ဝမ်ဟွိုင်ရွှမ်း ပို့လာသည့် WeChat မက်ဆေ့ချ်ကို စိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ဝမ်ဟွိုင်ရွှမ်း၏ မက်ဆေ့ချ်မှာ သာမန်အဓိပ္ပာယ် မဆောင်မှန်း ပင်ကိုယ်အသိအရ နားလည်လိုက်၏။

သို့သော် သူ နှစ်ခါပြန် စဉ်းစားမနေတော့ဘဲ "အိုကေ" ဟု ပြန်ပို့လိုက်သည်။

ဤအခိုက်အတန့်သည် သူ့ ဘ၀တွင် ကြုံတောင့်ကြုံခဲ စိတ်ခံစားမှုများ ပြင်းထန်လွန်းနေချိန်ဖြစ်နိုင်ကာ ဘာကိုမှလည်း မတွေးတောလိုတော့။ သူ ဒီအတိုင်းကြီး ပိတ်မိပြီး မနေချင်။ သူ့စိတ်တွေကို ဖွင့်ထုတ်ပစ်ဖို့ လိုအပ်နေသည်။ စိတ်ရှိလက်ရှိ လုပ်ချင်ရာကို လုပ်ပစ်ပလိုက်မည်။

ဆယ်မိနစ်ပင် မကြာလိုက်။ ဝမ်ဟွိုင်င်ရှန်းက ဖုရှောင်ယွီကို လာကြိုသည်။ ကျူးယ၏ တဖက်ခြမ်းရှိ ပန်းခြံတွင် သူ့တို့ မိသားစုအိမ်ရှိသည်ဖြစ်၍ ဖုရှောင်ယွီနေရာနှင့်လည်း လမ်းသင့်သည်။

ဝမ်ဟွိုင်ရွှမ်းသည် အယ်လ်ဖာဆန်စွာ အနက်ရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်ဝေ့စကုတ်ကို တွဲဖက်၀တ်ဆင်ထားသည်။ ဆံပင်ပုံစံကို အထင်အရှားပင် ဂရုတစိုက် ပြုပြင်ထားကာ အားလုံးကို နောက်သို့ ဆွဲဖီးထားလိုက်ဖြင့် သူ့ပုံစံမှာ ခါတိုင်းမြင်တွေ့နေကျထက် ပို၍ ရည်မွန်ကြော့ရှင်းနေသည်။

" ဒီနေ့ ဘယ်လိုနေလဲ "

ဝမ်ဟွိုင်ရွှမ်းက ကားမောင်းနေရင်း တိုးတိုးလေး မေးသည်။

" တကယ်ဆို ဒီနေ့ နေ့လည်လောက်ကတည်းက ညစာ အတူသွားစားကြမလားလို့ မေးချင်ပေမဲ့ မင်း မိသားစုက မင်းကို လာတွေ့မယ်ဆိုတဲ့အကြောင်း ပြောဖူးတာကို ပြန်သတိရလိုက်လို့၊ ဒါနဲ့ပဲ မင်း ညစာစားပြီးလောက်တဲ့ အချိန်အထိ မက်ဆေ့ချ်ပို့ဖို့ စောင့်နေလိုက်တာ "

" ဟုတ်တယ်၊ ကျွန်တော့ မိထွေးလည်း အဖေ့ရဲ့ ကြောင်နဲ့ အတူ ရောက်လာတယ်၊ ညနေပိုင်းကို ဖက်ထုပ်လုပ်စားကြတာ၊ ကောင်းကောင်းလည်း အနားယူခဲ့ရပါတယ် "

ဖုရှောင်ယွီက ဖုန်းကို ကိုင်ထားရင်းက ရှေ့ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရင်း ပြန်ဖြေသည်။ သူ့ အတွေးတွေမှာ ရှုပ်ယှက်ခတ်နေသည့် အနေအထားတွင်သာ ရှိနေသေးပြီး ဦးတည်ရာ ပျောက်ဆုံးနေသလို သူတို့ ဘယ်သွားကြမည်ဆိုသည်ကိုပင် ဝမ်ဟွိုင်ရွှမ်းကို ထုတ်မမေးမိချေ။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now