(၁)

8K 664 37
                                    

Unicode

အကာလ ညအခါ သမယဝယ် B မြို့တွင် မိုးတွေ ရွာစွေလျက်ရှိသည်။

မိုးဖွဲလေးတွေ တဖျောက်ဖျောက် ကျနေခြင်းက ဇိမ်ခံလို့ ကောင်းသည့် အနေအထားတခုဖြစ်တော့သည်။ သို့သော်လည်း အိပ်စက်ပျော်နိုင်ကြသူတွေ အဖို့ရာသာ ဇိမ်ရှိရှိနှင့် အိပ်စက်နိုင်ကြမည်ဖြစ်ပြီး အိပ်မပျော်ဝေဒနာ ခံစားရသူတို့ အတွက်မှာမူ မပြတ်နိုင်သည့် အတွေးအမျှင်တန်းကို ပို၍ရှည်စေအောင် ဆွဲဆန့်ပေးနေသလိုပင်။

ရွှီကျားလဲ့သည် ဝရန်တာတွင် ရပ်နေရင်း စီးကရက် သောက်နေ၏။ စားပွဲပေါ် တင်ထားသည့် ဖုန်းသည် မကြာခဏဆိုသလိုပင် လင်းလာလျက် AMEX ခရက်ဒစ်ကတ်ဆီမှ အကြောင်းကြားစာတွေ ဝင်ကြောင်း ပြနေသည်။

သူသည် သတိလက်လွတ်ဖြင့် တချက် တချက် လင်းလာတိုင်း ငဲ့ကြည့်မိသည့်တိုင် နိုတီ ဝင်ကြည့်ရမှာကို ပျင်းရိလို့နေ၏။

ကွာရှင်းပြီးကြသည့်တိုင် ကျင်းချူသည် ရွှီကျားလဲ့၏ ဘဏ်ကတ်ကိုသာ သုံးနေဆဲ။ ခုချိန်ဆိုလျှင် US တွင် နေ့ခင်းဘက်ဖြစ်ရာ ထိုသူသည် ဈေးဝယ်ထွက်နေဟန် တူ၏။ ဤသို့ ဆက်တိုက်နိုတီ ဝင်လာသည်ကို ကြည့်ခြင်းအားဖြင့် အသုံးပြုလိုက်သည့် ပမာဏများမည်ဖြစ်ကြောင်း မကြည့်ဘဲနှင့် သိနိုင်သည်။

ကျင်းချူ ဘာဝယ်လိုက်တာပါလိမ့်။

ရွှီကျားလဲ့ စီးကရက်သောက်ရင်း တွေးနေမိသည်။

ကျင်းချူက လက်ဖွာတတ်သည်။ တခါသား အိမ်ခြေယာမဲ့ တဦးက ဘိုးဘွားအမွေအနှစ်ပစ္စည်းဟုဆိုကာ သစ်သားမျောက်ရုပ်လေးတရုပ် ရောင်းသည်ကို ဒေါ်လာရှစ်ရာပေး၍ ဝယ်လိုက်သည်။ နောက်ကျမှ အဟောင်းဆိုင်တဆိုင်တွင် အဆိုပါ မျောက်ရုပ်ကို သုံးဒေါ်လာနှင့် ကိုးဆယ့်ကိုးဆင့်ဖြင့် ရောင်းနေသည်ကို တွေ့လိုက်ရ၏။ တကယ်တန်းတွင် အနှီအရုပ်ကလေးများမှာ ဗီယက်နမ်ဘက်မှ အမြောက်အများ တင်သွင်းထားသည့် ကလေးကစားစရာရုပ်လေးတွေ ဖြစ်နေသည်။

ကျင်းချူမှာ မျောက်ရုပ်ကို မြင်လေတိုင်း ဒေါသထွက်သည့်တိုင် ရွှီကျားလဲ့က ဖျောင်းဖျပြီး သိမ်းထားစေခဲ့သည်။ မျောက်ရုပ်လေး၏ ကိုယ်ပေါ်တွင်မူ 'ဒေါ်လာရှစ်ရာတန်' ဟု လက်ရေးဖြင့် ရေးကာ ချိတ်ဆွဲထားပေးလိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now