(၃၅)

5.2K 684 38
                                    

Unicode



ရွှီကျားလဲ့ လူနာခန်းထဲ ပြန်ဝင်လာချိန် သူ့ လက်ထဲတွင် ပလတ်စတစ်အိတ်ကြီးနှစ်လုံး ပါလာရုံသာမက ကျောပိုးအိတ်အကြီးတလုံးကလည်း ကျောပေါ်တွင် သယ်ဆောင်လာသေးသည်။

သူသည် အမြဲတမ်းလိုလို ပျင်းရိနေတတ်ပြီး အလေးအပင်များ သယ်ဆောင်တတ်လေ့မရှိချေ။ အလုပ်သွားသည့် အခါမျိုးတွင်ပင် သူ့လက်ကိုင်ဖုန်းနှင့် MacBook လောက်ကိုသာ ယူသွားလေ့ရှိသည်။ ထိုသို့သော သူမျိုးက ယခုအခါတွင် အထုတ်အပိုးတွေ အပြည့်ဖြင့် ကိုးရိုးကားယားဖြစ်လို့နေကာ အနည်းငယ် ရယ်ရွှင်ဖွယ်ရာ ပုံရိပ်ကို ပေးစွမ်းနေ၏။ ယခုတခါ မျက်မှန်အသစ် ပြောင်းတပ်လာပြီဖြစ်သော်ငြား ရွှေကိုင်းကွပ်ထားသည့် မျက်မှန်ဖြစ်နေဆဲပင်။

" သူတို့တွေ ပြန်ကုန်ကြပြီလား "

" အင်း၊ သိပ်မကြာသေးဘူး "

ဖုရှောင်ယွီ၏ အာရုံတွေသည် ပလတ်စတစ်အိတ်တွင်သာ ရှိနေပြီး လက်လှမ်းနေရင်းက ပြန်ဖြေသည်။ အိုမီဂါသည် ရှအန်းနှင့် တူစွာပင် အစာပါသည့် အိတ်ကို အလိုလိုသိနေ၏။

ရွှီကျားလဲ့က ကဏန်း​လက်မကြီး တဘူး၊ ခုံးကြက်သွန်ဖြူနှပ် လေးကောင်၊ ကြက်ဥပူတင်းနှင့် အချိုတည်းဖို့ရန်အတွက် ဂရိတ်ဖရုအနီသီး၊ မင်းဂွတ်သီးအပြင် ဖုရှောင်ယွီ အမှာရှိသည့် Suga free cola လည်း ပါလာသည်။ သူ့အတွက်လည်း Tiger ဘီယာ တဘူး ယူလာခဲ့သည်။

အယ်လ်ဖာ ပြင်ဆင်လာသည့် ညစာမှန်သမျှ အားလုံး အရသာရှိနေ၍ ဆေးရုံတက်နေရသည်နှင့်ပင် မတူတော့ဘဲ ပျော်ပွဲစားထွက်နေရသလိုပင်။

" ဖုရှောင်ယွီ၊ ခုကော နာနေသေးလား "

ဟန်ကျန်းခေါ့တို့ လင်မယား ထွက်ခွာသွားပြီးနောက် ရွှီကျားလဲ့သည် အိုမီဂါနှင့် ခပ်ခွာခွာ မနေတော့။ သူသည် စောင်ကို အသာလှပ်လိုက်ပြီး ဖုရှောင်ယွီ၏ ဝမ်းဗိုက်ကို လက်ဖြင့် အသာ ပွတ်ပေးလိုက်ရင်းက မေးသည်။

" မနာတော့ဘူး "

ဖုရှောင်ယွီ ကုတင်ပေါ်မှ ဆင်းတော့မည့်ဆဲဆဲ ရွှီကျားလဲ့က သူ့ကို မေးလာသည့်အခါ ခေတ္တမျှ ရပ်လိုက်ပြီး ပြန်ဖြေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now