အချပ်ပို (၁၂)

2.9K 331 9
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း -

ဖုရှောင်ယွီ US သို့ သွားမည့်သတင်းအပေါ် သူ့ အနီး ပတ်ဝန်းကျင်ရှိလူများဆီမှ အမျိုးမျိုး တုံ့ပြန်ကြသည်။

ထိုအစီအစဥ်အား သဘောမတွေ့ဆုံးသောသူမှာ ဖုကျင့်ပင်။ မူလကတည်းက ကောင်းမွန်ပြည့်စုံစွာ ပြင်ဆင်ထားသည့် အစီအစဉ်ဖြစ်သော်ငြား အချိန်နီးကပ်လာသည်နှင့်အမျှ အဘိုးဖြစ်လာတော့မည့် ဖုကျင့်၏ စိတ်ခံစားချက်များက အမျိုးမျိုးဖြစ်လို့လာ၏။

" ရေခြားမြေခြားမှာ မင်း နေမှ နေနိုင်ပါ့မလား၊ နေဖို့ထိုင်ဖို့ နေရာကကော၊ ဘယ်လိုလဲ၊ အားလုံးစီစဥ်ထားပြီးပြီလား "

ဆိုဖာပေါ် ထိုင်နေသည့် ဖုကျင့်က နှာခေါင်းတရှုံ့ရှုံ့နှင့် မေးနေသည်။

" ကျွန်တော် အဲ့မှာ ကျောင်းတက်ခဲ့ဖူးတာပဲကို၊ ဒါကြောင့် ဘာ ပြဿနာမှ မရှိလောက်ပါဘူး "

ဖုရှောင်ယွီက ဝါးတားတား ပြန်ဖြေသည်။

" အခုက မင်းမှာ ကိုယ်ဝန်ရှိနေပြီလေ၊ အရင်ကနဲ့ တူနိုင်မလား "

ဖုကျင့်၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်လေး တစမ်းစမ်းဖြစ်လာ၏။

" အဖေ "

ဖုရှောင်ယွီမှာ ထိုသို့သော အခြေအနေမျိုးကို ကောင်းစွာ မကိုင်တွယ်နိုင်လေရာ ရွှီကျားလဲ့၏ အကူအညီကိုသာ ယူဖို့ရှိသည်။ ရွှီကျားလဲ့က ဖုကျင့်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ရင်း

" ကျွန်တော် အားလုံး စီစဥ်ထားပြီးပါပြီ၊ အခန်းတွင်း အပြင်အဆင်က အစ ရှောင်ယွီ စိတ်ကြိုက် လုပ်ထားတာ၊ အစားအသောက်နဲ့ ပတ်သက်ရင်လည်း ကျွန်တော် သူ့ဘေးမှာ ရှိနေမှာမို့ စားချင်တာ အားလုံး ချက်ပေးလို့ရတယ်၊ ​​စိတ်မပူနဲ့၊ စိတ်မပူပါနဲ့ "

" ဒါဆို ... ရှောင်ရွှီ၊ မင်း၊ မင်းရောပဲ၊ ကိုယ့် စာကိုချည်း အာရုံစိုက်မနေနဲ့၊ သူ့ကိုလည်း ပိုပြီး အာရုံစိုက်ပေးဦး၊ ကိုယ်ဝန်ရှိတဲ့အခါ နေရာတိုင်းက အဆင်မပြေဖြစ်တတ်တယ်၊ မင်းက အယ်လ်ဖာမို့ မသိလောက်ဘူး "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now