(၅၅)

5.2K 637 39
                                    

Unicode

အခန်းတွင်း လေထုက ရုတ်ခြည်း တိတ်ဆိတ်ငြိမ်ကျသွားသည်။ တကယ်တန်းတွင် ဖုရှောင်ယွီသည် ခေါင်းကို လှည့်လိုက်ပြီး ရွှီကျားလဲ့၏ အမူအရာကို ကြည့်လိုက်ချင်ပါသည့်တိုင် ထိုအကြံကို ချက်ချင်း လက်လျှော့လိုက်သည်။

မဟုတ်သေး။

ရွှီကျားလဲ့၏ တုံ့ပြန်မှုကို သူ လုံးလုံး မသိချင်ပါပေ။

သူ့မှာ အရှေ့က အဖြူရောင်ဘုတ်ပြားလေးကိုသာ တည့်တည့်ကြီး စိုက်ကြည့်နေရင်း မျက်နှာတပြင်လုံး ပူထူလာသလို ခံစားနေရသည်။

ထိုခဏတွင် သူ့ စိတ်ထဲ ရှိနေသည့် အတွေးက တခုထဲသာ။

ဗုဒ္ဓေါရေ၊ သူ ဘယ်လိုတွေတောင် ​တွေးတောပြီးတော့ အဲ့လို စာလုံးကြီးကို ရေးခဲ့မိပါလိမ့်။

ဘာကြောင့်များ အဲ့ဒီ "Great Sex" ဆိုတဲ့ စကားလုံးကိုပဲ အကြီးကြီး ရေးခဲ့မိတာပါလိမ့်။

နောက်ဆုံးတွင် ရွှီကျားလဲ့ဆီမှ ရယ်သံတိုးတိုး ထွက်လာသည်။

" ဝိုး ! "

အယ်လ်ဖာသည် စိတ်တိုင်းကျ ရယ်သွမ်းသွေးပြီးသည့်အခါမှ စာနာသနားစိတ်ဝင်ဖို့ သတိရသွားဟန်တူ၏။ သူ့ ကိုယ်သူ ချုပ်တည်းဖို့ ကြိုးစားရင်း နှာခေါင်းကို တချက် တို့ထိလိုက်ကာ မပီမသ ရေရွတ်သည်။

" ဒါဆို ကိုယ်က လိင်မှုရေးရာ ကျွမ်းကျင်သူကြီးပေါ့ "

ဖုရှောင်ယွီမှာ မလှုပ်မယှက် ရပ်နေမြဲ။

သို့သော်ငြား သူ့ စိတ်ထဲတွင်မူ နဖူးကို လက်ဖြင့် အုပ်ထားပြီး အံကြိတ်နေမိပြီ ဖြစ်ပါ၏။

အူလိုက်သည်းလိုက် ရယ်မောနေသည့် အယ်လ်ဖာကို စိတ်ထဲကနေ ကျိန်ဆဲနေရုံမှတပါး ဘာမှလည်း မလုပ်နိုင်ချေ။

ရွှီကျားလဲ့သည်ကား ယခုထိတိုင် အရှိန်မသတ်နိုင်သေး။

ထို့အပြင် ရှေ့သို့ ခြေတလှမ်းတိုးပြီး ဝှိုက်ဘုတ်ပေါ် ရေးထားသည်များကို သေသေချာချာတောင် စူးစမ်းနေလိုက်သေး၏။  

ထိုအချိန်တွင် ရွှီကျားလဲ့ စိတ်ထဲ ပထမဆုံး ဝင်လာသည့် အတွေးကမူ -

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now