Unicode
ဆေးရုံက မူလတန်းကျောင်းနှင့် ကပ်လျက်တွင်ရှိသည်။ သို့ဖြစ်၍ ပန်းခြံအလယ်ရှိ ကစားကွင်းဝယ် ကလေးငယ် အများအပြား ဆော့ကစားလို့နေကြသည်။ ရွှီလန်သည် မုရုံကျင်းယနှင့်အတူ ဆေးရုံသို့ ဆေးစစ်ရန်လာခဲ့စဥ် နန်ရီကို ဤနေရာဆီ ခေါ်လာခဲ့ဖူး၍ ထိုနေရာနှင့် အကျွမ်းတဝင်ဖြစ်နေသည်။
ပန်းခြံဘက် သွားကြမည်ဟူသည်နှင့် နန်ရီမှာ အလွန်တရာ ပျော်ရွှင်နေ၏။ သူသည် ဖော်ဖော်ရွေရွေနေတတ်သည့် ကလေးဖြစ်ရာ နောက်ဆုံးတခေါက် ကစားကွင်းရောက်ကတည်းကပင် ပထမတန်းကျောင်းသားကလေးတယောက်နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းလေးမှာ အသားဖြူဖြူ၊ မျက်လုံးကြီးကြီးဝိုင်းဝိုင်းနှင့် ချောမောသည့် ကောင်လေးတယောက်ဖြစ်ပါ၏။ သူ့မှာ ထိုသူငယ်ချင်းကလေးနှင့် ပြန်ဆုံတွေ့ဖို့ မျှော်လင့်နေခဲ့သည်ဖြစ်ရာ ပန်းခြံဘက်ရောက်သည်နှင့် ကလေးတွေ စုဝေးနေသည့် နေရာဆီ အပြေးသွားဖို့ပင် မစောင့်နိုင်တော့။
" ဒယ်ဒီ၊ အနောက်ကနေ လိုက်မလာနဲ့နော် "
နန်ရီသည် ငယ်ရွယ်သော်လည်း မွေးရာပါ လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်ကာ သူ့ ဘေးနားဝယ် လူကြီးတယောက်ပါနေခြင်းက ကလေးတွေသာရှိသည့် ပတ်ဝန်းကျင်ဝယ် မိမိုက်သည့် ပုံစံမပေါက်သည်ကို သိနေသည်။ သူသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းမျှ ပြေးသွားပြီးကာမှ နောက်ပြန်လှည့်ကာ အော်ပြောသည်။
" ဒါပေမဲ့ အဝေးကြီးလည်း ထွက်မသွားနဲ့နော်၊ သား လှည့်ကြည့်လိုက်ရင် မြင်နေရတဲ့နေရာမှာ စောင့်နေပေး ! "
နန်ရီ မျက်လုံးတွေက မှေးမှေးလေးဖြစ်ရာ မျက်တောင်ခတ်ပြီး ပြုံးလိုက်လိုက်သည့်အခါ မြေခွေးလေးနှင့် သွားတူသည်။ ခုလိုအချိန်မျိုးမှာပင် ရွှီကျားလဲ့မှာ ရယ်လိုက်မိတော့သည်။
" အိုကေ၊ မင်း ဖိုးဖိုးနဲ့ ဒယ်ဒီ ဘေးနားလေးမှာ ထိုင်ပြီး စောင့်နေမယ် "
နန်ရီ ထွက်သွားပြီးနောက် ကလေးတွေ ကစားနေသည့်နေရာနှင့် မလှမ်းမကမ်းရှိ ဘေးက ခုံတန်းတနေရာတွင် ဝင်ထိုင်လိုက်ကြသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
DragosteTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ