အချပ်ပို (၁၆)

2.9K 332 8
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း - ၁၁

မိသားစု သုံးယောက်၏ စုစုပေါင်း ကိုယ်အလေးချိန် 157KG ရောက်သွားသည့်အခါ ဖုရှောင်ယွီသည် သူ၏ ပထမဆုံး အားလပ်ရက်ခရီးကို တရားဝင် စတင်ခဲ့သည်။

တကယ်တွင်လည်း ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် နေရာအသစ်နှင့် လုံးလုံး လိုက်လျောညီထွေမဖြစ်သေးသောကြောင့် မဟုတ်ရပါပေ။ အနည်းဆုံး သူ့တွင် စိတ်အနှောင့်အယှက်ဖြစ်စရာ ပျို့အန်သည့် လက္ခဏာတွေ ပျောက်ကွယ်သွားရုံနှင့်တင် အားလပ်ရပ် စတင်ဖို့ အဆင်ပြေသည်။

ကိုယ်အလေးချိန်တက်လာသည်မှာ သေချာသွားပြီးနောက် နဂိုက အစွမ်းကုန် အားစိုက်ကာ စုစည်းထားရသည့် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် လျင်မြန်သွက်လက်မှုတို့သည် ရုတ်ခြည်းဆိုသလို ပျောက်ကွယ်လျော့ပါးသွားတော့သည်။ သို့ဆိုမှဖြင့် သူ တကယ်ပဲ အနားယူပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းသင့်သည်ထင်၏။

ဤအရာနှစ်ခုကြားရှိ ဆက်စပ်မှုကို တိကျစွာ ခွဲခြားဖို့ကမူ ခက်ခဲသည်။ သို့သော် ဘာကြောင့်ဖြစ်ဖြစ် ဖုရှောင်ယွီသည် ရုတ်တရက်ကြီးဆိုသလို အလုပ်မတက်ချင်တော့။ ဒါသည် သူ့ ဘဝတွင် မကြုံစဖူး ကြီးမားသည့် အပြောင်းအလဲကြီး တခုပင်။

ဆိုလိုသည်မှာ သူသည် တဖက်မှ အလုပ်ဆင်းခါနီး LITE လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ရန်အတွက် ဆယ့်နှစ်နာရီ အချိန်ကွာဟမှုကို ညှိယူကာ မနက်စောစော ထစရာမလိုတော့ဟူသည့် အဓိပ္ပာယ်ဖြစ်ပါ၏။

နေ့ခင်းဘက် အချိန်များတွင် ပို့ထားသည့် ရီပို့တွေကို ဖတ်ပြီး ဒေတာတွေကို ဂရုတစိုက် လိုက်ကြည့်နေစရာ မလိုတော့။

ညဘက် အိပ်ရာမဝင်ခင် ဌာနအသီးသီးက အကြီးအကဲတွေကို ဖုန်းခေါ်ပြီး အလုပ်နှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေကျအလုပ်ကို လုပ်စရာလည်း မလိုတော့။

ယခုအချိန်မှစ၍ ဥက္ကဋ္ဌဖုသည် အမှန်တကယ်ကိုပင် အားလပ်ချိန်ရှိလာတော့မည်ဟု ဆိုလိုသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now