(၄၉)

6K 732 37
                                        

Unicode


ရွှီကျားလဲ့သည် ဖျားနာခွင့် နှစ်ရက်ယူထားသော်လည်း ပထမညတွင်ပင် သက်သာလုနီးပါးဖြစ်နေလေပြီ။ ဤသည်က အဆင့် A အယ်လ်ဖာ၏ အစွမ်းထက်သော ကိုယ်ကာယကြံ့ခိုင်မှုကြောင့်လား သို့မဟုတ် သူကိုယ်တိုင်၏ ထူးထူးခြားခြား "နလန်ထူ" လိုသည့် ဆန္ဒကြောင့်လားဟု ပြောရန်မှာ ခက်လှသည်။

ရှအန်းကို ဒုတိယနေ့တွင် ပြန်ပို့လာသည်။ သူ၏ မင်းသမီးလေးက သူ့ကို အရမ်း လွမ်းဆွတ်နေမည်ဟု ထင်ထားသော်ငြား တကယ်တန်းတွင်မူ ဟုတ်မနေပေ။ ရွှီကျားလဲ့သည် ရှအန်းကို သူ့ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး ခပ်ကြမ်းကြမ်းလေး နမ်းရှုံ့လိုက်သည်။ ရလဒ်အနေဖြင့် သူ့ အနမ်းကို ဝတ်ကျေတန်းကျေ ငြိမ်ခံပြီးနောက်တွင် ရှအန်းသည် သူ့ရင်ဘတ်ကို ခြေလေးဖက်စလုံးဖြင့် ထောက်ကန်ထားကာ "တော်သင့်ပြီ" ဟု ပြောလိုသည့်အလား သူ့မျက်နှာကို တဖက်သို့ လှည့်ထားတော့၏။

တဖြည်းဖြည်း ပြန်လည် သက်သာလာသည့် ရွှီကျားလဲ့သည် အထက်တန်းကျောင်းသား ဘဝသို့ ပြန်ရောက်သွားသည့်နှယ် တက်ကြွနေသည်။ ဤနှစ်ရက်အတွင်း သူသည် ဖုရှောင်ယွီကို အလုပ်သွားလျှင် လိုက်ပို့ပေးရုံမျှမက အပြန်ကိုလည်း သွားကြိုသည်။ အရင်က မနှစ်မြို့ချင်စရာ DingTalk ပြက္ခဒိန်သည်ပင်လျှင် ယခုအခါတွင် ဖုရှောင်ယွီ၏ အတိအကျမရှိသည့် အလုပ်ချိန်ဇယားကို မှန်မှန်ကန်ကန် ညွှန်ပြနိုင်၍ တကယ်ကိုပင် အသုံးဝင်လာသည်။ သူက နေ့လည်ပိုင်းအချိန်မျိုးတွင် အနှီအချိန်ဇယားကို တချက် စစ်ဆေးကြည့်လိုက်ပြီးသည်နှင့် အချိန်ကိုအတည်ပြုကာ သွားကြိုလိုက်ပြီး ဖုရှောင်ယွီထံ DingTalk မှနေ၍ "လာနေပြီ" ဟု စာပို့ထားလိုက်သည်။

ဖုရှောင်ယွီ အလုပ်မှာရှိစဉ် ရွှီကျားလဲ့သည်လည်း အလုပ်များနေတတ်၏။ ကားမောင်းနေချိန်မျိုးတွင် ကားစတီရီယိုမှနေ၍ Katy Perry ၏ သီချင်းဟောင်းများကို ဖွင့်ပြီး နားထောင်ဖြစ်သည်။ သူ့အရွယ်နှင့် အထက်တန်းအရွယ် ကာလတုန်းက သီချင်းဖြစ်သည့် "Teenage Dream" ကို နားထောင်နေတုန်းဆိုသည်က မြင်ယောင်ကြည့်ဖို့ပင် ခက်ခဲမည်မှန်သော်လည်း သူကတော့ ပျော်နေတာပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now