Unicode
ဖုရှောင်ယွီ ထွက်မပြေးပေ။ ထွက်ပြေးခြင်းကလည်း သူ့ စတိုင်ဟုတ်မနေ။
ကြံ့ခိုင်သည့် အကာအရံကို ထုတ်သည့်အနေဖြင့် သူသည် ခပ်မတ်မတ်ထိုင်လိုက်ရင်းက ရွှီကျားလဲ့ကို စိုက်ကြည့်ကာ
" ဒီတော့ ဒါက ခင်ဗျားရဲ့ ကျွမ်းကျင်မှုပေါ့ "
ထိုသူသည် မေးခွန်းထုတ်သည့်နေရာတွင် အရည်အချင်း ပြည့်ဝပါသော်ငြား မေးခွန်းတည်ဆောက်ပုံကမူ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးသော ပုံစံတွေ သုံးထားတာဖြစ်နေသည်။
" ခင်ဗျား ကျွန်တော့်အကြောင်း ဘယ်လောက် သိလို့လဲ၊ ကျွန်တော်က ခင်ဗျားရဲ့ နှစ်သက်စရာမကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတာရယ်၊ ကျွန်တော့်အဖေ ကျွန်တော့်ပါးကို ရိုက်လိုက်တဲ့အချိန် တွေ့လိုက်ရတာရယ်ကလွဲရင် ခင်ဗျား ကျွန်တော့်အကြောင်းကို ဘာမှ မသိပါဘူး၊ ခင်ဗျား ထင်ထားသလောက် ကျွန်တော့်မိသားစုနောက်ကြောင်းကို သိနေတာမို့လို့လား၊ သုတေသနလုပ်တာပဲ ကြာနေပြီ၊ စိတ်ကြီးဝင်တယ်ဆိုတာ ပညာရှင်တွေရဲ့ ရန်သူလို့ ဘယ်သူကမှ မပြောပြဖူးဘူးလား "
" ငါက စိတ်ကြီးဝင်တယ်လား "
ရွှီကျားလဲ့က ပြုံး၍ ဆိုသည်။ သူသည် စီးကရက်ကို တဖွာမျှ ရှိုက်ရှူလိုက်ပြီး
" ဖုရှောင်ယွီ၊ ငါ ထပ်ပြောမယ်၊ မှားနေရင် မှားနေကြောင်း အတည်ပြုလိုက်၊ လက်မထပ်ရသေးခင်မှာကတည်းက မင်းရဲ့ မိထွေးကို မင်းအဖေဘက်ကနေပြီး အရူးအမူးဖြစ်နေခဲ့တာ၊ ငါ ပြောတာ ဟုတ် ? "
ရွှီကျားလဲ့သည် သေချာပေါက် ခန့်မှန်းမိပြီးဖြစ်သည့်တိုင် "အငယ်အနှောင်း" ဆိုသည့် စကားလုံးကို ထုတ်မသုံးခဲ့။ အနည်းငယ်မျှသော တွေးပေးသည့် စိတ်ကလေးကပင် ဖုရှောင်ယွီကို ပိုပြီး ရှက်ရွှံ့သွားစေ၏။
ဖုရှောင်းယွီသည် တိတ်ဆိတ်နေမြဲ။ ခဏအကြာမှ Rémy Martin နောက်တခွက်ကို တကျိုက်တည်း မော့သောက်လိုက်ပြီး ခေါင်းကို ငုံ့ထားသည်။ ထို့နောက် မပီမသ ရေရွတ်နေသံဖြင့်
" ကျွန်တော့်မိထွေးက အဲ့ချိန်၊ အဲ့ချိန်တုန်းက လက်မထပ်ရသေးဘူး "

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ