(၇၂)

4.5K 621 19
                                    

Unicode


ဤညသည်ကား ထူးထူးခြားခြား အဖြစ်အပျက်များဖြင့် ပြည့်နှက်နေသည့် အမှတ်တရဖြစ်ဖွယ် ညတညပင်။

ဘီယာတပုလင်း ဖွင့်လိုက်ပြီဆိုလျှင် ဖြုတ်ခနဲ ကုန်သွားပြီး အများစုမှာ ဖုရှောင်ယွီ ပါးစပ်ထဲ ရောက်ကုန်တာဖြစ်သည်။ အရက်ဒဏ်ကို ခံနိုင်ရည်ရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ပေ။

ရွှီကျားလဲ့က သောက်တတ်သည့် အလေ့အထရှိသော်လည်း သူ၏ သောက်နည်းသောက်ဟန်မှာ မှန်ကန်သည်။ သူက ဖြည်းဖြည်းနှင့် မှန်မှန်ပဲသွားသည်။ နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတုန်း မရေမတွက်နိုင်သည့် လူဖြူတွေနှင့် အပြိုင်သောက်ကြသည့်အခါတိုင်း အနှီလှည့်ကွက်ကိုသာ အသုံးပြုခဲ့သည်။ အရက်အလွန်သောက်နိုင်ပါသည်ဆိုသည့် ရုရှားအတန်းဖော်တွေပင် သူနှင့် တွေ့လျှင် မှောက်သွားကြသည်သာ။ အစပိုင်းတွင် သူနှင့် ပြိုင်သောက်ကြသည့် လူတိုင်းက သူ့ကို မသောက်နိုင်လောက်ဟု ထင်တတ်ကြသော်ငြား  နောက်ဆုံး ဖန်ခွက်အရေအတွက်ကို ရေတွက်ကြည့်ကြသည့် အခါမှသာ ဖြည်းဖြည်းချင်း သောက်တတ်သူမှန်း သိသွားကြတော့၏။

ဖုရှောင်ယွီ သောက်သည့် ပုံစံကမူ သူနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ တကယ်တန်းတွင် ဝမ်းခေါ့အိမ်၌ ဖဲကစားကြစဥ်ကတည်းက ဖုရှောင်ယွီသည် အရက်ဒဏ် ခံနိုင်သူ မဟုတ်မှန်း သူ ရိပ်မိခဲ့ပြီးဖြစ်သည်။

ယခုညတွင်လည်း အတူတူပင်။ ရွှီကျားလဲ့ ပထမ တပုလင်း မကုန်သေးခင် ဖုရှောင်ယွီကမူ ဒုတိယပုလင်း ကုန်လုနီးပါးဖြစ်နေသည်။

ဖုရှောင်ယွီမှာ အမြန်သောက်တတ်သူဖြစ်ရာ ပုလင်းအနည်းငယ် သောက်ပြီးသွားချိန်တွင် ပါးပြင်တွေက နီရဲလာပြီး ရွှီကျားလဲ့ ​ပေါင်ပေါ် လှဲချလိုက်ကာ ကလေးဆိုးတယောက်လို ပြုမူနေ၏။

" ကိုယ် အငှားယဥ်မောင်း ခေါ်လိုက်မယ်၊ အိမ်ပြန်ကြစို့ "

" ဟင့်အင်း၊ မပြန်ချင်ဘူး "

ဖုရှောင်ယွီသည် ရွှီကျားလဲ့ ပေါင်ပေါ် မျက်နှာ အပ်ထားရင်းက မပီမသ ရေရွတ်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now