Unicode
ကိုယ်ဝန်ဆောင်ခြင်း - သုံး
ညသန်းခေါင်အထိ မိုးက ဆက်ရွာနေသည်။
အိပ်ခန်းကမူ မုန်တိုင်းဒဏ် ခံထားရသည့်နှယ် အိပ်ရာခင်းဖြူဖြူမှာ တွန့်ကြေနေပြီး စောင်တဝက်လောက်က ခုတင်အောက်သို့ ကန်ချခံထားရသည်။
မောပန်းနွမ်းနယ်သွားပြီဖြစ်သည့် ဖုရှောင်ယွီသည် သူ့ကို ကျောပေးထားလျက် ဘေးတွင် လှဲလျောင်းနေကာ သူ့ တင်ပါးထက်တွင်မူ ရဲရဲနီနေသည့် လက်ရာများပင် မြင်တွေ့နေရဆဲ။ အချိန်အတော်ကြာသွားပြီဖြစ်သော်ငြား ကော်လာ မဝတ်ဆင်ဘဲထား၍ ကျန်ရှိနေသေးသည့် အတွေ့အထိက ပြင်းထန်လွန်းသည်။ ဖုရှောင်ယွီ၏ ခြေချောင်းများသည် တင်းတင်းကျပ်ကျပ် ကွေးကောက်နေဆဲဖြစ်ပြီး မှိန်ဖျော့ဖျော့ အလင်းရောင်အောက်ဝယ် သူ၏ ချောမွတ်ပါသည့် ခြေချောင်းထက်ရှိ ဘဲရုပ်ဆိုး အနာကပ်ပလာစတာက ပေါ်လွင်လို့နေသည်။
" ဘေဘီ "
ရွှီကျားလဲ့က ဖုရှောင်ယွီ၏ နောက်ကျောနားဆီ ပို၍ တိုးကပ်သွားလိုက်သည်။ သူ့ လက်ဖဝါးသည် ယခုအခါတွင် သံသယမရှိဖွယ် ချပ်ရပ်နေပါသည့် အိုမီဂါ၏ ဗိုက်သားပြင်ပေါ် တင်ထားလျက်။
ဖုရှောင်ယွီ၏ တင်းကျပ်သော အစားအသောက်နှင့် လေ့ကျင့်ခန်း အစီအစဉ်ကြောင့် အရေပြားအောက်ဘက်ရှိ တင်းရင်းနေသည့် ကြွက်သားလိုင်းများကိုပင် ခပ်ရေးရေး ခံစားမိနေသည်။ ထိုကြွက်သားလွှာအောက်တွင်မူ ရွှီကျားလဲ့ ယခုလေးတင် ဝင်ရောက်ထားသည့် သားအိမ်ရှိနေခဲ့ပါ၏။
ယခုဆိုလျှင် ထိုအထဲမှာ သူတို့၏ ကြောင်လေးတွေများ ရှိနေလိမ့်မလား။
ဖုရှောင်ယွီ၏ ခန္ဓာကိုယ်ထဲဝယ် သူတို့၏ မျိုးဆက်ကို သယ်ဆောင်ထားနိုင်ရလောက်သည်ဟူသော လှပသည့် ဖြစ်နိုင်ခြေကို စိတ်ကူးယဉ်ကြည့်မိရုံနှင့်တင် ရွှီကျားလဲ့၏ အသံမှာ အက်ရှလို့ သွားရသည်။
သူ ပို၍ပင် လောဘကြီးမိလာ၏။
ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ ဗိုက်ကို အငမ်းမရ ပွတ်သပ်နေမိရင်းက တဖြည်းဖြည်းနှင့် ရင်ဘတ်ပေါ်ရှိ နူးညံ့၍ နှင်းဆီရောင်သန်းသည့် ဧရိယာဆီ ရောက်ရှိလို့သွားသည်။ သို့ကလို ပွတ်သပ်နေမိရင်း ရံဖန်ရံခါတွင် ခွန်အားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ သူ့ ရင်ခွင်ထဲမှ အိုမီဂါ၏ တိုးလျလျ ညည်းညူသံများ ထွက်လာသည်ကို နားထောင်နေမိသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ