Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၉
အပြင်ဘက်တွင် အလင်းရောင်ပင် အပြည့်အဝ မတောက်ပသေးဘဲရှိရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အကောင်းဆုံးအချိန် ဖြစ်သင့်ပေသည်။ သို့သော်လည်း "ဝါး၊ ဝါး" ဟူသည်သည့် ငိုသံသဲ့သဲ့နှင့်အတူ ရင်းနှီးပြီး စွဲမက်ဖွယ်ကောင်းသည့် ကလေးအသံလေး ထွက်ပေါ်လာသည့်အခါ ရွှီကျားလဲ့မှာ လန့်နိုးလုနီးပါးဖြစ်သွားလျက် မျက်လုံးများကို အမြန်ဖွင့်လိုက်ရသည်။
ရွှီကျိဖေး၏ ငိုသံကို ကြားလိုက်ရသည်နှင့် သူ မည်မျှ အိပ်မောကျနေပါစေ၊ လျင်မြန်စွာ နိုးထလာမည်ဖြစ်သည်။ ဤသည်မှာ သူ၏ အလိုလို တုံ့ပြန်မှုနှင့် ခန္ဓာကိုယ်က မှတ်သားထားသည့် မှတ်ဉာဏ် ဖြစ်လာခဲ့သည်။
M မြို့တွင် ဆောင်းဝင်နေပြီဖြစ်သည်။ သူတို့ အိမ်တွင် အပူပေးစက် အမြဲဖွင့်ထားပါသည့်တိုင် ခုတင်ပေါ်က ထွက်ရသည့်အခါ အပူဓာတ်ရအောင် သူ့ လက်တွေကို ပွတ်တိုက်နေရဆဲ။ ထို့နောက် အမှောင်ထဲမှာပင် ခုတင်ဘေးရှိ ကလေးပုခက်ဆီသို့ အလျင်အမြန် လျှောက်လာကာ မျက်ရည်ကျနေသော မျက်လုံးလေးတွေဖြင့် လက်နှစ်ချောင်းကို ဝှေ့ယမ်းနေသည့် ရွှီကျိဖေးကို သူ့ ရင်ခွင်ထဲ ကောက်ပွေ့လိုက်သည်။
" ချစ်လေး၊ ချစ်လေး … "
ရွှီကျားလဲ့၏ အသံမှာ အလွန် နူးညံ့ပြီး ကျိဖေး၏ ကျောလေးကို ပုတ်ပေးနေရင်းက လေသံလေးဖြင့် ချော့သိပ်နေသည်။
" မငိုနဲ့တော့၊ တိတ် တိတ် .. ဒယ်ဒီ ကြည့်ရအောင် … ဘယ်မှာ နာနေလဲ "
လွန်ခဲ့သည့် နှစ်နာရီကျော်လောက်ကမှ နို့တိုက်ထားသည်ဖြစ်၍ နို့ဆာတာ မဖြစ်နိုင်။ ကိုယ်တိုင်က အိပ်ရေးမဝသေးသော်ငြား ကျိဖေး၏ မျက်ရည်စတွေနှင့် မျက်နှာကို မြင်လိုက်ရလေတိုင်း သူ့ မျက်နှာတွင်လည်း အပြုံးတခု ထွက်ပေါ်လာသည်သာ။
အငယ်လေးမှာ ဆေးရုံကနေ အိမ်ပြန်ရောက်လာပြီးနောက်ပိုင်း အရွယ်က တဖြည်းဖြည်း ထွားလာသည်။ နှင်းဖြူရောင် အသားအရေက နူးညံ့ပြီး ထိတွေ့လိုက်လေတိုင်း နူးညံ့သည့် ခံစားမှုမျိုးကို ပေးသည်။ သူ့ အိုမီဂါဖခင်၏ မျက်နှာအသွင်အပြင်အတိုင်း မျက်နှာသေးသေး၊ ကြီးမားဝိုင်းစက်၍ တောက်ပသော မျက်လုံးများနှင့် ငိုလိုက်သည့်အခါ အနည်းငယ် နီရဲသွားသည့် နှာတံတို့က သူ့ကို အထူးချစ်စရာကောင်းစေသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
