Unicode
ရွှီကျားလဲ့ သူ့ကို ကြည့်နေသည်။
ကျောပေးထားသည့်တိုင် သူ့ကို ကြည့်နေမှန်း ဖုရှောင်ယွီ ခံစားမိနေ၏။
သူသည် ပါးတခြမ်းကို လက်ဖြင့် ကွယ်ထားရင်းက ရှက်ရွံ့စွာဖြင့် မျက်နှာကို တဖက်သို့ လှည့်ထားလိုက်ရသည်။
ဓာတ်လှေကားထဲ တယောက်က အရှေ့၊ တယောက်က နောက်တွင် ရပ်နေလျက်နှင့် ခပ်မဆိတ်နေနေကြကာ မည်သူမှ စကား မပြောဖြစ်ကြ။
ဤသည်မှာ ဓာတ်လှေကားက လေးဆယ့်ရှစ်ထပ်သို့ ရောက်လာပြီး "ဒင်း" ခနဲ မြည်သံနှင့်အတူ တံခါးပွင့်သွားသည့် အချိန် အထိ။ ထိုအခါကျမှပင် ရွှီကျားလဲ့ ဆင်းရမည်မှာ တတိယအထပ်တွင်ဆိုသည်ကို ဖုရှောင်ယွီ သတိရတော့၏။
သူ့ အခြေအနေက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၍ ရွှီကျားလဲ့သည် ကြည့်မနေနိုင်တော့ဘဲ သို့နှယ် တိတ်တဆိတ် စောင့်ကြည့်ပေးနေတာဖြစ်မည်။
" ကျွန် .. ကျွန်တော် အဆင်ပြေပါတယ် "
ဖုရှောင်ယွီသည် ကိုယ်ဟန်အနေအထားကို အတတ်နိုင်ဆုံး ခပ်မတ်မတ်ဖြစ်အောင် နေနေရင်းက အနည်းငယ် အက်ရှစွာဖြင့်ဆိုသည်။
သူ့အတွက်နှင့် ရွှီကျားလဲ့ကို မစိုးရိမ်စေလိုပေ။
" အိုကေ "
ရွှီကျားလဲ့က ဖြေသည်။ ထို့နောက် ဖုရှောင်ယွီကို ကြည့်ကာ တိုတိုရှင်းရှင်းပင် ဆက်ပြောသည်။
" သိတယ် "
ဘာကြောင့်ရယ်မသိ၊ ဖုရှောင်ယွီမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
ရွှီကျားလဲ့သည် အလွန်တည်ငြိမ်လို့နေပြီး သူ ဆင်းရမည့် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာ ဖုရှောင်ယွီ သတိပြန်ဝင်လာသည်အထိ စောင့်ကြည့်နေသည်။
" ကျေးဇူး "
ဖုရှောင်ယွီသည် ကျေးဇူးတင်စကားဆိုပြီး ဓာတ်လှေကားအတွင်းမှ ထွက်လာလိုက်သည်။ ရွှီကျားလဲ့က သူနှင့်အတူ လိုက်ထွက်မလာ။ သို့သော် သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ သဘာဝကျစွာပင် သုံးလွှာသို့ ပြန်ဆင်းသွား၏။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ