1001

2K 62 2
                                    

Chapter 1001: စားကောင်းသောက်ဖွယ်

ဖုဝေ့ ၊ ရှီယန် နဲ့ တခြားသူများသည် စစ်သင်္ဘော၏ ဗဟိုထိန်းချုပ်ရေးခန်း၌ စုစည်းလိုက်ကြသည်။

တောက်ပလင်းလက်နေသော ကြီးမားသည့် မှန်ကြီးတစ်ချပ်က ကြယ်နယ်မြေ ပတ်ပတ်လည်ကို ဖော်ပြပေးနေသည်။ ဤထိန်းချုပ်ရေးအခန်း၏ နံရံပေါ်တွင် အမှတ်အသားများ အများအပြားရှိသည်။ အမှတ်အသားတစ်ခုချင်းစီမှ စွမ်းအင်များသည် ပြင်းထန်စွာ ဂယက်ထနေကြသည်။ ဖုဝေ့သည် တောက်ပနေသော မှန်ကြီးကို ငြိမ်သက်စွာ ကြည့်နေသည်။ သူမ လက်ချောင်းများမှ အလင်းတန်းများ မကြာခန ထုတ်လွှတ်နေသည်။

တဖြည်းဖြည်းနဲ့ ငါးမန်းပုံသဏ္ဍာန်ရှိ အနက်ရောင်စစ်သင်္ဘောတစ်စီးသည် မှန်ထဲ၌ ပေါ်လာ၏။ ၎င်းသည် သူတို့ ရှေ့၌ ရှိနေပြီး သားကောင်စောင့်နေသော ငါးမန်းတစ်ကောင်လိုမျိုး ပုန်းနေသည်။

ဖုဝေ့၏ အပြာရောင်မျက်လုံးများသည် ရက်စက်ကြမ်းတမ်းသော အလင်းတန်းများဖြင့် နက်ရှိုင်းလာသည်။ သူမ လက်ဖဝါးမှ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး မှန်ကူကွက် ပုံသဏ္ဍာန် ခလုတ်တစ်ခုကို သွားရိုက်လိုက်သည်။

ခလုတ်သည် မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။

စစ်သင်္ဘောအောက်ခြေရှိ နတ်ဘုရားကျောက်တုံး တစ်သန်းခန့်သည် သူတို့၏ အုံကြွနေသော ပေါများလှသည့် စွမ်းအင်များကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြသည်။ သင်္ဘောအရှေ့ဘက်ရှိ လွန်ပူ နဲ့ တူသည့် ရှည်လျားသော တိုင်တစ်လုံးဆီမှ တောက်ပသော အလင်းတန်းကြီးကို ပစ်လွှတ်လိုက်သည်။

အလင်းတန်းကြီးသည် နဂါးရိုင်းတစ်ကောင်လို ရွေ့လျားပြီး အဆုံးမရှိသော ပြင်းထန်သည့် စွမ်းအင်များကို တစ်ခါတည်း သယ်ဆောင်သွားသည်။ ဥက္ကာပျံတစ်စင်း ဂြိုလ်ပေါ် ကျရောက်ပေါက်ကွဲသလို ၎င်းက ငါးမန်းရူးစစ်သင်္ဘောကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

“ဝုန်း…”

မှေးမှိန်နေသော စကြာဝဠာကြီးသည် ရုတ်တရက် လင်းလက်တောက်ပသွားသည်။ ငါးမန်းရူးစစ်သင်္ဘောကြီးသည် ရိုက်ခတ်ခံလိုက်သည်နဲ့ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now