Chapter 1065: နတ်ဘုရားအလင်းဂိုဏ်း
ဖေးလန် ၊ လီအိုနာ ၊ ကာထို့နဲ့ ဇူရှီတို့သည် သွေးတစ္ဆေ၏ စစ်သင်္ဘောများနဲ့ အတူတကွ ထွက်ခွာသွားကြသည်။ သွေးတစ္ဆေကြယ်သို့ရောက်လျှင် သူတို့ တံခါးပိတ်ကျင့်ကြံကြတော့မည်ဖြစ်၏။
အမှောင်ရိပ်ကလန်သည် နှင်ထုတ်ထံလိုက်ရသဖြင့် သရဲအရိပ်အကျဉ်းထောင်တွင် ကသောင်းကနင်းအဖြစ်အပျက်များ မရှိတော့ပေ။ ထို့ကြောင့် ဖေးလန်တို့အဖွဲ့အား ဤနေရာတွင် ဆက်နေခိုင်းရန် မလိုအပ်ပါ။ ဤအချိန်၌ သူတို့လိုအပ်နေသော အရာသည် စွမ်းအား မဟုတ်ဘဲ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို နားလည်သဘောပေါက်မှုဖြစ်သည်။
သူတို့၏ ထူးခြားဆန်းကြယ်သော ကျင့်ကြံခြင်းအဆင့်ကို နားလည်သဘောပေါက်ဖို့က ပိုအရေးကြီးသဖြင့် ထိုသို့ရှီယန်စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။
သူတစ်ယောက်တည်းသာ မုန်တိုင်းစစ်တပ်ဖွဲ့၏ စစ်သင်္ဘောပေါ်၌ ကျန်နေရစ်ခဲ့သည်။
ငှက်သဏ္ဍာန်စစ်ရထားများသည် မွန်းစတားကလန် နဲ့ မိစ္ဆာကလန်၏ စစ်သင်္ဘောများထံမှ ထွက်ခွာပြီး မြန်ဆန်စွာ ပျံသန်းနေကြသည်။ ၎င်းစစ်သင်္ဘောများသည် သရဲအရိပ်အကျဉ်းထောင်၏ အလယ်ဗဟိုဘက်သို့ အမြန်နှုန်းဖြင့် သွားနေကြသည်။
စစ်သင်္ဘော၏ ထောင့်နားတစ်ခု၌ ရှာစင်းယန်သည် မိုးပြာရောင်ဝတ်စုံကြပ်ကြပ်လေးဖြင့် ရှိနေသည်။ သူမသည် ပွင့်လန်းနေသော ချယ်ရီပွင့်ပမာ လှပနေ၏။ သူမ ခြေထောက်ထက်ရှိ ပန်းနုရောင်ခြေချင်းလေးများက စမ်းရေစီးသံသဖွယ် တချွင်ချွင်မြည်နေကြသည်။ သူမ၏ မျက်လုံးလှလှလေးများထဲ၌ ညှို့မြူသော အရှိန်အဝါ ခပ်ဝါးဝါး ရှိနေသည်။ သူမက ပြုံးလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ "အဲ့ဒီမမမှာ ထက်မြက်တဲ့ နည်းဗျူဟာစွမ်းရည်ရှိတယ်။ သူက ဘာလို့ ရှင့်အမိန့် နာခံတာလဲ"
သူမသည် စစ်သင်္ဘောကုန်းပတ်၏ အစွန်ဖျား၌ ပျင်းရိစွာ လဲလျောင်းနေသည်။ ပျော့ပြောင်းသော သူမ ခါးသည် ရေမြွေတစ်ကောင်ပမာ သေးသွယ်ကျစ်လျစ်ပြီး သူမ၏ တင်ပါးကောက်ကြောင်းကို ပေါ်လွင်စေ၏။ သူမ ပုံစံသည် အလွန်စွဲမက်ဖွယ်ကောင်းသဖြင့် လူတွေကို ကိစ္စအများကြီး စိတ်ကူးယဉ်စေမိ၏။