1029

355 43 0
                                    

Chapter 1029: ကာကွယ်ရေး နောက်ဆုံးအဆင့်

ပန်းမျိုးစုံဖူးပွင့်နေသော ဥယျာဉ်ထဲတွင် စမ်းချောင်းလေးနှစ်ခုက ရစ်ခွေစီးဆင်းနေသည်။ ကျေးငှက်သာရကာတို့၏ အော်မြည်တေးဆိုသံကို ကြားရသည်။ ဤနေရာတွင် နေ၊ လ၊ ကြယ်တို့ မမြင်ရသော်လည်း သာယာလှပသော ပတ်၀န်းကျင်က နွေဦး၏ ခံစားချက်မျိုး ပေးစွမ်းနေသည်။

“သေမှာ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေတာ နင်သိတယ်နော်။ ဘာလို့ ပြန်လှည့်လာတဲာ”
ရှာစင်းယန်က ရှီယန်၏ လက်ကို ဆုပ်ကိုင်ထားရင်း တီးတိုးလေးပြောနေသည်။

“မေးစရာလိုသေးလို့လား။ နင်ကရော ငါ့စကားတစ်ခွန်းကို နှစ်ခါမစဉ်းစားပဲ နားထောင်တာပဲလေ”
ရှီယန် ပြုံးရယ်ရင်း ပြန်ပြောသည်။ သူ့မျက်လုံးများက တောက်ပလျှက်ရှိသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူ ရယ်ချလိုက်ကြသည်။ ယခုအချိန်တွင် စကားလုံးများဖြင့် ဖော်ပြရန်မလိုပဲ အချင်းချင်း နားလည်နေကြသည်။

သူတို့ဦးခေါင်းထက်မှ သုံးရောင်ခြယ်စွမ်းအင်မြစ်ကြီးကို ရှီယန် မော့ကြည့်နေသည်။ ပြီးနောက် အသံတိုးတိုးဖြင့် ရှာစင်းယန်ကို ပြောပြနေခဲ့သည်။
သူ ကျန်ရစ်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ကျက်သရေကုန်းမြေတိုက်ကြီးတွင် ဖြစ်ပျက်ခဲ့သမျှ၊ ပြင်ပအာကာသထဲရောက်လာပြီးနောက် ဒေါသမီးလျှံ ကြယ်တာရာနယ်မြေတွင် ကျင်လည်ခဲ့သမျှ၊ ပြီးနောက်မှ အာဂါတေးကြယ်နယ်မြေသို့ ရောက်ရှိလာပုံအထိ။ ဖန်းရိုတို့ ကျိယောင်တို့နှင့် သူ၏ဆက်ဆံရေးများကိုပင် မချန် အသေးစိတ်ပြောပြနေခဲ့သည်။ သူ သူမအပေါ် ဘာမှ ထိန်ချန်ထားတာ မရှိချင်ပါ။ သူ့မျက်နှာထားက တည်ငြိမ်အေးဆေးလျှက်ပင်ရှိသည်။

ရှာစင်းယန်က ရှီယန်ပြောသမျှ ဘာမှ ဖြတ်မပြောပဲ ငြိမ်ငြိမ်လေး နားထောင်နေခဲ့သည်။ ဖန်းရိုနှင့် ကျိယောင်တို့အကြောင်းများတွင် ရှီယန်ကို တစ်ခါတစ်ရံ မျက်စောင်းလှလှ ထိုးရုံမျှသာ။

ပြီးနောက်တွင်တော့ ထိုနှစ်က ကမောက်ကမ ဟင်းလင်းပြင်လမ်းကြောင်းအတွင်း ၀င်ရောက်သွားပြီးနောက်ပိုင်း သူမ၏ အဖြစ်အပျက်များကို ပြောပြရန်အလှည့်ရောက်လာသည်။ ရှာစင်းယန်သည် သရဲအရိပ်အကျဉ်းထောင်သို့ မရောက်မီ အလွန်အမင်း ရုန်းကန်ခဲ့ရသည်။ နောက်ဆုံး စွမ်းအင်ပြတ်လတ်ကာ သေလုမျောပါးဖြစ်နေချိန်တွင် တိုက်ခိုက်ရေးအဖွဲ့အစည်းမှ အဓိပတိကြီး၏ အကူအညီကို ရရှိခဲ့သည်။ တဖြည်ဖြည်းနှင့် သူမ၏ အဆင့်အတန်းကို တည်ဆောက်ယူခဲ့ပြီး မုန်တိုင်းတပ်မှူးဖြစ်လာသည်အထိ တိုက်ပွဲပေါင်းအလီလီ ဆင်နွှဲခဲ့ရသည်။
အဓိကကတော့ သူမ၏ စွမ်းအင်အဆင့် တိုးတက်လာသောကြောင့် သူမနှင့်ထိုက်တန်သော ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now