1045

360 46 0
                                    

Chapter 1045: ကိုယ်ပွားဝိဉာဉ်ပြောင်းလဲခြင်း

ရှီယန်သည် ဇူရှီ ကမ္ဘာလိပ်နက် အကြွင်းအကျန် စုပ်ယူမှုကို ကူညီရန် အလျင်မလိုပေ။ ဤနေရာသည် ဘေးကင်းလုံခြုံသော်လည်း ဥက္ကာပျံများရွေ့လျားနေကြဆဲဖြစ်သည်။ စစ်သင်္ဘောတစ်ထောင်နီးပါး ဤနေရာတွင် ကမ်းဆိုက်ဖို့သည် အကြံကောင်းမဟုတ်ပါ။

ဇူရှီကို အကြောင်းပြန်ပြီး ရှီယန် မျက်လုံးပြန်မှိတ်လိုက်သည်။ ထို့နောက် စစ်သင်္ဘောထောင်ချီကို ဘေးကင်းသော လမ်းကြောင်းသို့ ခေါ်ဆောင်ရန် ဆက်လမ်းညွှန်ပေးလိုက်၏။

နေ့ဝက်ကြာပြီးနောက် ဥက္ကာပျံများ သူတို့ ပတ်ပတ်လည်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသောအခါ ရှီယန် စိတ်သက်သာသွားဟန် အသက်ရှူထုတ်လိုက်သည်။

သွေးတစ္ဆေတို့အဖွဲ့ စုစည်းလိုက်ကြ၏။ သူတို့မျက်နှာသည် ပျော်ရွင်မှုအပြုံးပန်းများနဲ့ ပြည့်နှက်နေသည်။ရှီယန် မရှိလျှင် ဤမျှ အရှိန်အဟုန်ပြင်းပြင်း ကစဉ့်ကလျားဖြစ်နေသော ထိုနေရာကို သူတို့ ဖြတ်သွားနိုင်မှာမဟုတ်ကြောင်း အကုန်လုံးသိကြ၏။

ရှီယန်ကို ဆိုးရွားစွာ မလိုမုန်းထားဖြစ်ခဲ့သော ကျားတုပင်လျှင် စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြလာခဲ့သည်။ မည်သို့ပဲဆိုဆို ရှီယန် မရှိလျှင် ထိုနေရာကို အတင်းဖြတ်သန်းပြီးနောက် ဆေးနှင့်ကိရိယာစံအိမ်တွင် စစ်သင်္ဘောမကျန်တော့တာလည်း ဖြစ်နိုင်ပေသည်။

ဖုန်းယန် နဲ့ တခြားသူများသည် နောက်ဆုံး၌ အပန်းဖြေနိုင်သွားကြသည်။ ချက်ချင်းပင် စိတ်လှုပ်ရှားသော အခြေအနေသို့ ရောက်ပြန်ကုန်ကြ၏။ အမှောင်ရိပ်ကလန်က စောင့်ကြပ်ထားသော လမ်းကြောင်းထွက်ပေါက်ထဲသို့ အချိန်မဆိုင်းပဲ ဝင်သွားချင်နေကြသည်။

“ကျုပ်ကို စောင့်ပေးပါ။ ကျုပ် အဲ့နေရာမှာ ရက်ပေါင်းအနည်းငယ်လောက် ပြန်သွားဖို့လိုတယ်” ရှီယန်က လွတ်ခနဲ ပြောထွက်လာသည်။

တခြားသူများသည် သူဘာလိုနေလဲဆိုသည်ကို မသိကြပါ။  “မင်း ဘာလို့အဲ့နေရာကို ပြန်သွားချင်ရတာလဲ” သွေးတစ္ဆေက တအံ့တသြ မေးလိုက်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Tahanan ng mga kuwento. Tumuklas ngayon