Chapter 1188: ကမ္ဘာနှစ်ခု ထိပ်တိုက်တွေ့ခြင်း
ဟိုင်၊ ကျန်းယွင် နှင့် အော်ဒရေးတို့သည် သူတို့၏ နတ်ဘုရားခန္ဓာကိုယ်များ ချုပ်နှောင်ခံနေရစဉ်တွင် သူတို့၏ခေါင်းကိုမော့ကာကြည့်လိုက်သည်။ သူတို့ မလှုပ်ရှားနိုင်ပေ။
သူတို့၏အောက်တွင် စီစီလျာ၊ ဖိလစ်၊ မီအာ၊ နတ်ဘုရားကလန်စစ်သည်များ နှင့် အခြားကြယ်နေရာမှ စစ်သည်များရှိနေသည်။ သူတို့အားလုံးသည်လည်း ခေါင်းမော့ကာ ကောင်းကင်ရှိ အရည်အချင်းရှိသော လူငယ်နှစ်ယောက်ကို ကြည့်နေကြသည်။သူတို့သည် ရှီယန် နှင့် ဟာဆွန်ပင်ဖြစ်ကြသည်။
နတ္ထိကြယ်က သူတို့ နှစ်ဦးလုံးကို အသိအမှတ်ပြုမည်ဟု မည်သူမှမထင်ထားကြပေ။ ဟိုင် နှင့် အော်ဒရေးတို့တွင် အခွင့်အရေးပိုရှိမည်ဟု သူတို့ထင်ကြသည်။ သို့သော် လက်တွေ့တွင် သူတို့၏ ခန့်မှန်းချက်မှာ အလွန်ဝေးကွာခဲ့ပြီဖြစ်သည်။
သို့သော် သူတို့သည် ထိုအချက်ကို လက်ခံနိုင်သည်။
ရှီယန်သည် မူလစွမ်းအင်ရှိသော သေခြင်းမဲ့မိစ္ဆာကလန်ဝင်ဖြစ်ပြီး သွေးသောက်အင်အားစု၏ ဆက်ခံသူဖြစ်သောကြောင့် ထိုကဲ့သို့သော သူသည် ကမ္ဘာဦးသစ်သီးကို ရရှိရန် အရည်အချင်းပြည့်မီသည်။
ဟာဆွန်သည် နတ်ဘုရားကလန် ချက်တာရစ်မိသားစု၏ သူ့မျိုးဆက်တွင် အတော်ဆုံးစစ်သည်ဖြစ်သည်။ သူ၏ လုပ်ဆောင်မှုသည် နတ္ထိကြယ်တွင် သာမန်ထက်များစွာကျော်လွန်သည်။ သူသည် ဟိုင်ကို တနည်းနည်းဖြင့် ကျော်တက်သွားသည်။ ဟာဆွန်၏ ပုံစံတွင် သွေးဆာလောင်မှု၊ ကြမ်းတမ်းမှု၊ နှလုံးသားမဲ့မှု တို့ပါဝင်ပြီး သူသည် လူမဆန်ပေ။
ထိုကဲ့သို့ သူသည် ချွင်းချက်မရှိ အပြင်းထန်ဆုံးဖြစ်သည်။ မည်သူမှ သူ့ကို မေ့ထားလို့မရပေ။
သေချာစဉ်းစားမည်ဆိုလျှင် နတ္ထိကြယ်က သူ့ကို အသိအမှတ်ပြုခြင်းသည် နည်းလမ်းကျပေသည်။ယနေ့တွင် ကမ္ဘာဦးသစ်သွးအောက်တွင် သူတို့နှစ်ဦးသည် သူတို့၏ ဝိဉာဉ်ယဇ်ပလ္လင်များထုတ်ကာ ကမ္ဘာဦးသစ်သီးကို ပိုင်ဆိုင်ရန် နောက်ဆုံးတိုက်ပွဲယှဉ်နွဲနေကြသည်။
လူတိုင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့အချင်းချင်း စူးစိုက်စွာ တိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်ပြီး မည်သူက ယခု စကြာဝဠာ ကို ပြောင်းလဲစေမည်ကို သိချင်ကြသည်။