Chapter 1154: လောင်ကျွမ်းသန့်စင်ခြင်း
"အမှောင်အင်ပါယာ မျိုးနွယ်စု"
ဟိုင် သည် ငါးရောင်ခြည်တိမ်များ အလယ်တွင် ပုန်းကွယ်နေရင်း အော်လိုက်မိသည်။ သူ့မျက်လုံးများ စူးရှသွားသည်။မီအာ၊ ဖိလစ် နှင့် ပေတွန်တို့ တည်ကြည်သွားပြီး ဟိုင်၏ဘေးတွင်ရပ်နေကြသည်။ သူတို့လည်းပဲ တစစီဖြစ်နေသော ကျွန်းပေါ်တွင် ရပ်နေကြသည်။ သူတို့သည် ထူထပ်သော မြူများအကြား ခုန်ဝင်ကာ အော်ဒရေးတို့အဖွဲ့ ၏ အရှေ့သို့ ရောက်လာကြသည်။
မီအာနှင့် ဖိလစ် တို့ မျက်နှာတင်းသွားသည်။ ရွေ့လျားနေသော ကျွန်းငယ်နှစ်ခုအကြားတွင်ရှိသော အမှောင်နတ်ဘုရား အင်ပါယာပလ္လင်ကို သူတို့ စိုက်ကြည့်နေကြသည်။ ရုတ်တရက် သူတို့ တစ်ခုခု နားလည်သွားဟန်တူသည်။အမှောင်နတ်ဘုရားအင်ပါယာမျိုးနွယ်စု သည် ထောင်ပေါင်းများစွာသော မျိုးနွယ်စုများ အထဲမှ နတ်ဘုရားကလန်နှင့် ယှဉ်နိုင်သော မှော်ဆန်သည့် မျိုးနွယ်စုဖြစ်သည်။ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း သူတို့သည် စကြာဝဠာ ၏ အရေးပါသောအခန်းကဏ္ဍတွင် အမြဲတည်ရှိနေသည်။ ဟိုးရှေးရှေးတုန်းကဆိုလျှင် အမှောင်အင်ပါယာမျိုးနွယ်သည် အခြားသော မျိုးနွယ်စုများ၏ အုပ်စိုးသူဖြစ်ခဲ့ပြီး ကျယ်ပြန့်သော ကြယ်တာရာဒေသများကို သူတို့ကြီးစိုးခဲ့ကြသည်။
အမှောင်အင်ပါယာမျိုးနွယ်စုနှင့် ကောင်းကင် မွန်းစတားမျိုးနွယ်စုတို့သည် သွေးလွှမ်းသောတိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ပညာရှင် အများအပြားဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ အမှောင်အင်ပါယာမျိုးနွယ်စု သည် ၎င်းတိုက်ပွဲနောက်ပိုင်းတွင် ခြေချုပ်မိကာ နောက်ထပ် လှုပ်ရှားမှုကြီးများ ထပ်မလုပ်ရဲကြပေ။ ဒီအတွက်ကြောင့် နတ်ဘုရားကလန်သည် ယခု စကြာဝဠာ ကိုအုပ်စိုးရန် အခွင့်အရေး ရလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် နတ်ဘုရားကလန် သည်အသန်မာဆုံးဖြစ်သော်လည်း သူတို့သည် အမှောင်အင်ပါယာမျိုးနွယ်စုကို အထင်မသေးရဲကြပေ။ ဒဏ္ဍာရီများထဲတွင်လည်း အမှောင်အင်ပါယာမျိုးနွယ်စု၏နယ်မြေကို ဘယ်သောအခါမှ မကျူးကျော်ရဲကြပေ။
နတ်ဘုရားကလန် နှင့် အမှောင်အင်ပါယာမျိုးနွယ်စုတို့သည် တစ်ဦးနှင့်တစ်ဦး မထိကြရန် နည်းဗျူဟာနားလည်မှုကိုဆက်လက်ထိန်းသိမ်းလျက်ရှိသည်။ သူတို့နှစ်ခုလုံးသည် သူတို့မထိန်းချုပ်နိုင်သော ကမ္ဘာပျက်နိုင်သောအခြေအနေ အငြင်းပွားမှုများကို ရှောင်ကြဉ်ချင်ကြသည်။