Chapter 1058: သူမ၏ ကြော့ရှင်းတင့်တယ်သော ဟန်အမူအရာ
မကြာခင် ရောက်လာကြသော အမှောင်ရိပ်ကလန်၏ အကြီးအကဲနှစ်ယောက်သည် ဘီလို နဲ့ ကေဒါ တို့ နှစ်ယောက်ပင်ဖြစ်၏။ သူတို့နှစ်ယောက်လုံးက ဝိဉာဉ်ခွဲသလင်းငါးကို သန့်စင်နေသော ယွီရှန်အား ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနဲ့ စိုက်ကြည့်လိုက်ကြသည်။ တုံ့ဆိုင်းမှုတစ်စုံတစ်ရာမရှိဘဲ သူမကို ချက်ချင်းပင် တိုက်ခိုက်လိုက်ကြ၏။
ကေဒါ၏ ကြောက်စဖွယ်အရှိန်အဝါသည် အရိုးထဲထိ အေးစိမ့်စေနိုင်သော ရေခဲစီးကြောင်းများအဖြစ် ပြောင်းသွားပြီး အချိန်တိုအတွင်း လေဆင်နှာမောင်းအဖြစ်သို့ ပြန့်ကားလာသည်။ အံ့သြတုန်လှုပ်စရာကောင်းသော စွမ်းအားနဲ့အတူ ၎င်းသည် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့်ပမာပင်။ ထိုသို့ဖြင့် ယွီရှန်ဘက်သို့ ဦးတည်သွားကြ၏။
ဘီလို မျက်မှောင်ကြုတ်လိုက်သည်။ ဆန်းပြားသော ကနဦးအကန့်အသတ်တစ်ခု သူ့ခေါင်းထက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ဟင်းလင်ပြင်အလွှာများ တစ်ခုအပေါ်တစ်ခု ပုံထပ်နေကြသည်နှင့် တူ၏။ ဝင်းလက်တောက်ပသော ဟင်းလင်းပြင်ဓားသွားများဖြင့် သူ့အကန့်အသတ်သည် ပြည့်နှက်နေသည်။ ထိုဓားလက်တစ်ခုချင်းစီသည် မည်သည့်အလွှာကိုမဆို ဖြတ်ခုတ်နိုင်သည့်သဖွယ် ဓားတစ်လက်ထက်ပင် ချွန်ထက်ကြသည်။ ထိုဓားလက်အကုန်လုံး ယွီရှန်ဘက်သို့ တရှိန်ထိုးသွားနေကြသည်။
အမှောင်ရိပ်ကလန်သည် နတ်ဘုရားကလန် အက်စတော့ မိသားစုထံမှ ဝိဉာဉ်ခွဲသလင်းငါးကို ဌားခဲ့ကြသည်။ လိုအပ်လျှင် အာဂါတေးကြယ်နယ်မြေကို တိုက်ခိုက်ရန် သလင်းငါးကို သူတို့ အသုံးပြုချင်ကြသည်။
အကယ်၍ ဝိဉာဉ်ခွဲသလင်းငါးသည် ဤနေရာတွင် သန့်စင်ခြင်းခံရလျှင် နတ်ဘုရားကလန်က တခြားကြယ်နယ်မြေကို ကျူးကျော်ချင်သောအခါ သူတို့၌ သေစေနိုင်လောက်သော လက်နက်ရှိတော့မှာ မဟုတ်ပါ။ အမှောင်ရိပ်ကလန်သည် ထိုကဲ့သို့သော တာဝန်ခံမှုမျိုးကို ခေါင်းမခံနိုင်ပါ။ ဝိဉာဉ်ခွဲသလင်းငါးက မမျှော်လင့်သည့်အဖြစ်အပျက် မကြုံရကြောင်း သေချာစေရန် သူတို့ ဤနေရာသို့ လာခဲ့ကြခြင်းဖြစ်သည်။