1181

322 50 0
                                    

Chapter 1181: ကမ္ဘာသစ်ပင်

ရှီယန်သည် ကန်ထဲသို့ ခုန်ဆင်းသွားပြီး ရှန်းယင်းယွီက အပြင်ဘက်တွင် ကျင့်ကြံနေချိန်၌ အချိန်များစွာ ကုန်လွန်သွားခဲ့ခြင်းဖြစ်သည်။

ထိုအချိန်၌ ကျန်းယွင် နဲ့ စီစီလျာသည် မဟာတောင်တန်းထဲသို့ ဝင်သွားသော ပထမဆုံး သိုင်းသမားများဖြစ်ကြသည်။ ဟိုင် နဲ့ အော်ဒရေး တို့သည် သူတို့၏ အဖွဲ့များကို ခေါ်ဆောင်ပြီး မူလအဆင့်ရောက်သည့် ကျောက်စိမ်းများ ၊ သလင်းကျောက်များနှင့် ဝိဉာဉ်ဆေးဖက်ဝင်အများအပြားကို စုစည်းရန် အစီအရင်နဲ့ သေခြင်းထောင်ချောက်အများအပြားကို ကျော်ဖြတ်ခဲ့ကြရသည်။ နောက်ဆုံး၌ သူတို့သည် တောင်အောက်ခြေသို့ ရောက်လာခဲ့ကြသည်။

ချက်တာရစ်မိသားစုမှ ဟာဆွန်သည် လူသားဘဝ၏ အနိမ့်ဆုံးအခြေအနေကို ကြုံတွေ့ခဲ့ရသည်။ သူသည် စိတ်သောကဒဏ်ရာရမှု အမျိုးမျိုးကို တောင့်ခံခဲ့ရသည်။ သူ ပြိုလဲခဲ့သည်။ တောင့်ခံပြီး သူ့ကိုယ်သူ နှိပ်စက်ခဲ့ရသည်။ နောက်ဆုံး၌ သူ သတိပြန်ဝင်လာခဲ့ရသည်။

ရှီယန် ထွက်သွားပြီးနောက် သူ့အပေါ် ဘာဖြစ်သွားခဲ့လဲဆိုသည်ကို ဘယ်သူမှ မသိကြပါ။

သို့သော် သူသည် ပိုကြောက်စရာကောင်းလာခဲ့သည်။

ကျန်းယွင် ၊ ဟိုင် ၊ အော်ဒရေး နှင့် ဟာဆွန်တို့သည် မတူညီသော လမ်းကြောင်းလေးခုမှ မဟာတောင်တန်းတွင် ဆုံစည်းသွားကြသည်။ သူတို့လမ်းတစ်လျှောက်၌ မူလအဆင့်ရှိ ပစ္စည်းအများအပြားကို စုဆောင်းခဲ့ကြသည်။ ထို့အပြင် သူတို့သည် နတ္ထိကြယ်နဲ့ တစ်နည်းနည်ဖြင့် ချိတ်ဆက်မှုလုပ်ထားကြပြီးတာလည်း ဖြစ်နိုင်သည်။

သူတို့ ကြုံတွေ့ခဲ့ရသည့်အရာများကို သူတို့ကသာ သိနိုင်ကြသည်။ တခြားဘယ်သူကမှ နားလည်နိုင်ကြမှာ မဟုတ်ပါ။

သူတို့အားလုံး မဟာတောင်တန်းကြီးထံသို့ လျှောက်လာကြပြီး ဂူထဲသို့ ဝင်၍ ကမ္ဘာသစ်ပင်၊ ဤရှေးဟောင်းကုန်းမြေ၏ အရေးကြီးဆုံးအစိတ်အပိုင်းထံသို့ ရောက်လာခဲ့ကြသည်။

ဒဏ္ဍာရီများအရ မြေကြီးနှင့်ကောင်းကင်၏ သစ်ပင်သည် စကြာဝဠာ၏ အလယ်ခေါင်၌ ပေါက်ဖွားတတ်သည်။ ၎င်းကို ကမ္ဘာသစ်ပင်ဟု ခေါ်ကြသည်။ ၎င်းသည် မြေကြီးနဲ့ကောင်းကင်စွမ်းအား၏ အရေးကြီးဆုံးအချက်ဖြစ်ပြီး စကြာဝဠာပေါ်က စွမ်းအားစီးကြောင်းများကို ချိတ်ဆက်ထားသည်။ သိုင်းသမားများ၏ ခန္ဓာကိုယ်ထဲက ရှေးဟောင်းကီသစ်ပင်သည် ကမ္ဘာသစ်ပင်၏ အသေးစားပုံစံတစ်ခုဖြစ်သည်။ ၎င်းကို ကမ္ဘာသစ်ပင်အား စံနမူနာအဖြစ် ယူပြီး ဖန်တီးထားခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Onde histórias criam vida. Descubra agora