Chapter 1193: နိုးထခြင်း
ကြီးမားသောဥက္ကာခဲတစ်ခုကဲ့သို့ ရေခဲပြာရောင်ဂြိုလ်တစ်ခုသည် စကြာဝဠာကိုဖြတ်သန်းကာ ရှည်လျားသော အလင်းတန်းအမြီးကို ဖြစ်ပေါ်စေသည်။ သူ၏လမ်းကြောင်းတစ်လျှောက်တွင် ၎င်းသည် အပြင်လေဟာနယ်မှ စွမ်းအင်များ စုစည်းနေသည်။
၎င်းသည် မည်သည့်အခါမှ မရပ်တန့်ခဲ့သော ကုန်မြေဖြစ်သည့် နတ္ထိကြယ်ဖြစ်သည်။၎င်းသည် ကြယ်ဒေသများစွာ ရွက်လွှင့်ကာ မည်သည့်အခါမှ မရပ်တန့်ပေ။ ၎င်းသည် စကြာဝဠာ နယ်မြေများအကြားတွင် အာကာသလွန်းပျံတစ်ခုကဲ့သို့ ရွေ့လျားနေသည်။ ၎င်း၏ ရွေ့လျားနေမှုကြောင့် ၎င်းသည် မည်သည့်နေရာတွင်ရှိနေသည်ကို လူအများစုမသိကြပေ။
ဆယ်နှစ်ကြာပြီးနောက်ပိုင်း လေ့ကျင့်မှု အဆုံးသတ်ခဲ့ပြီ။ ယခုအချိန်တွင် အသက်ရှင်ကျန်ခဲ့သော စစ်သည်များသည် ၎င်းဂြိုလ်မှ ကန်ထုတ်ခံရသည်။ သူတို့သည် သူတို့၏ သက်ဆိုင်ရာ ကြယ်နေရာဒေသအသီးသီးကို သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ပြန်နေကြသည်။
ထိုသူများသည် အဖိုးတန် ရှားပါးသော ပစ္စည်း အတော်များများကို နတ္ထိကြယ် မှ ရိပ်သိမ်းရရှိလာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာလေ့ကျင့်မှု နှင့် စွမ်းရည်တိုးတက်စေရန် အခွင့်အရေးကောင်းများ ရရှိခဲ့သည်။ထို့အထဲတွင် အရေးကြီးဆုံးအရာသည် သူတို့ သတင်းများယူဆောင်လာပေးခြင်းဖြစ်သည်။ ရှီယန် ဟုခေါ်သော သေခြင်းမဲ့မိစ္ဆာတစ်ကောင်သည် နတ္ထိကြယ် မှ ကမ္ဘာဦးသစ်သီးကို ယူဆောင်သွားခဲ့သည်။
သေခြင်းမဲ့မိစ္ဆာကလန် သည် နောက်တစ်ကြိမ် တစ်ဖန်ပြန်လည် နိုးထလာဦးမည်ဆိုသော သတင်းများသည် ကြီးမားသော ကြယ်ဒေသများသို့ အံမခန်းအရှိန်ဖြင့် လျှင်မြန်စွာပြန့်နှံစေသည်။ ၎င်းသည် စကြာဝဠာ တစ်ဝှမ်းရှိ အင်အားအဖွဲ့များကို လှုပ်ခါသွားစေသည်။
သတင်းများပြန့်နှံခြင်းနှင့်အတူ အခြားအင်အားအဖွဲ့များသို့ နတ်ဘုရားကလန်မှ ပေးနေသော ဖိအားများသည် တစ်နည်းနည်းဖြင့် ဖြေလျော့သွားသည်။ လူများတွင် အတွေးအသစ်များစတင်ရှိလာသည်။