Chapter 1086: ကံကြမ္မာခရီးသည်
အင်နို၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်ပြီး မှုန်ဝါးနေသည်။ သူ့ဝိညာဉ်အသိက မမြင်ရသောမြွေများသဖွယ် တွန့်လိမ်ကာ ရှီယန်ကို ပစ်မှတ်ထားနေကြဆဲဖြစ်သည်။
သို့သော် ၎င်းတို့က ရှီယန်ကို ချိန်ရွယ်လိုက်သည်နှင့် သူ့ ဝိညာဉ်ကျိန်စာက ဖယ်ရှားခံရသည်။ ရှီယန်၏ ဝိညာဉ်စွမ်းအင်ကို အာရုံခံလို့ကို မရသောကြောင့်သူ့ ဝိညာဉ်ကျိန်စာက သုံးမရပါ။
ရှီယန်သည် သူ့လက်ထဲ၌ ဓါးနီကြီးကိုကိုင်ထားသည်။ သွေးအလင်းတန်းများသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ပြီး ထူထပ်သည့် သွေးပိုးအိမ်တစ်ခုကို ဖန်တီး၍ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
မည်သည့်အရာကမှ မထိုးဖောက်နိုင်ပါ။
ဝိဥာဉ်လျို့ဝှက်နည်းပညာက သူ့ဝိညာဉ်ကို အမိမဖမ်းနိုင်သဖြင့် ဝိညာဉ်မန္တာန်သည်လည်း အလုပ်မလုပ်တော့ပါ။
အင်နို ဒေါသထွက်လွန်းသဖြင့် သွေးအန်လုလုဖြစ်နေသည်။
ဝိဥာဉ်မန္တာန်ကို ကျင့်ကြံသည့် သူ့လမ်းခရီးတစ်လျှောက်၌ ကို့ယို့ကားယားနိုင်သော ဤအခြေအနေမျိုးကို သူ ကြုံတွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ရှီယန် ကိုင်ထားသော ဓါးနီကြီးသည် ထူးဆန်းပြီး ဆိုးယုတ်ကြောင်းကို သူ သိသည်။ သူ၏ လျို့ဝှက်ကျိန်စာသည် အဘယ်ကြောင့်အလုပ်မလုပ်သလဲဆိုသည်ကိုလည်း သူ သိသည်။ ထိုသွေးနီဓါးပြားကြီးကြောင့်ပင်။ မည်သို့ဆိုစေ ယွီရှန် နဲ့ ရှောင်အန်တို့က သတိထားစွာ စောင့်ကြည့်နေကြသဖြင့် ၎င်းသွေးနီဓါးကြီးကို လုရန် ထိုနေရာသို့ တဇွတ်ထိုး ၀င်သွားလို့ မရပါ။ ရှီယန်ကို သတ်ရန် လျို့ဝှက်နည်းပညာကို သူ အသုံးမပြုနိုင်သည်မှာတော့ သေချာသွားပြီဖြစ်သည်။
ကုဟဲ မျက်နှာထက်ရှိ အဆီများတုန်ခါသွားကြသည်။ သူ၏ မျက်လုံးသေးသေးများက ရက်စက်ကြမ်းတမ်းသော အလင်းတန်းများနဲ့ ဖြာထွက်နေပြီး ရှီယန်ကို နက်နက်ရှိုင်းရှိုင်း မကျေမနပ်ဖြစ်စွာ စိုက်ကြည့်လိုက်သည်။