1136

318 47 0
                                    

Chapter 1136: မြင့်မြတ်သော ဖန်ဆင်းမှု လေးခု

ကြီးမားပြီး စိမ်းလန်းစိုပြည်သည့် သစ်ပင်ကြီးများရှိနေသော အဆုံးမရှိသည့် တောနက်ကြီးတစ်ခု။ သစ်ပင်တစ်ခုချင်းစီသည် မီတာရာချီမြင့်မားကြသည်။ ထိုသစ်ပင်များသည် တောင်ကုန်းတောင်တန်းများနှင့် ကွာခြားမှုမရှိပါ။

လန်းဆန်းလတ်ဆတ်သည့် အော်ရာများက သူတို့မျက်နှာပေါ် ရိုက်ခတ်လာသည်။ အလွှာကို ဖြတ်ကျော်သွားပြီးနောက် ရှီယန် တို့အဖွဲ့အား အံ့အားသင့်သွားစေသည်။ တဖြည်းဖြည်းနဲ့ သူတို့ကိုယ်သူတို့ ပြန်ထိန်းချုပ်ပြီး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ကြသည်။

"အို"

စီစီလျာသည် မထိန်းချုပ်နိုင်ဘဲ အော်လိုက်သည်။ သူမ၏ မျက်နှာလှလှလေးသည် စိုးရိမ်တုန်လှုပ်ပြီး မဝံ့မရဲဖြစ်နေသည်။ မော့ဖူ ၊ ရှကျောက် နဲ့ ဝူ ညီအစ်ကိုတို့လည်း သူတို့၏ မျက်နှာအမူအယာများ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ရှေ့၌ မတ်တပ်ရပ်နေသည့် သိုင်းသမားများကို သုန်မှုန်စွာ ကြည့်လိုက်ကြသည်။

မျှော်စင်တစ်ခုပမာ မြင့်သည့် သစ်ပစ်တစ်ခု၏ အရိပ်အာဝဝါသအောက်၌ မတူညီသည့် မျိုးနွယ်စုများမှ သိုင်းသမားအများအပြားသည် မတ်တပ်ရပ်နေကြသည်။ သူတို့၏ အော်ရာများသည် ရက်စက်ကြမ်းကြုတ်ပြီး အလွန်ပေါများသည်။ သူတို့သည် အသစ်ရောက်လာသည့်သူများကို ကြည့်နေကြပြီး သူတို့မျက်နှာထားများသည် ထူးဆန်းနေသည်။

သူတို့သည် နတ်ဘုရားကလန်ဝင်များ မဟုတ်ကြသည်မှာ သိသာနေသည်။

ထိုအုပ်စု၏ ခေါင်းဆောင်သည် အရပ်ရှည်ပြီး ပိန်လှီသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမ၌ သူမ ခါးထိ ရောက်နေသော ခပ်မှိန်မှိန်အစိမ်းရောင်ဆံပင်ရှိသည်။ သူမ ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် အရာသည် မြေကြီးထိနေသော ရှည်လျားသည့် အစိမ်းရောင်ဝတ်ရုံပင်ဖြစ်သည်။ သူမ မျက်နှာသွင်ပြင်သည် ရွှေအချိုးအစားလို့ ပြောရမည့်အတိုင်းပင် အလွန်ထူးကဲလှပသည်။ သူမ ခေါင်းထက်၌ အစိမ်းရောင်သလင်းကျောက်တော်ဝင်သရဖူ ရှိသည်။ သူမသည် အဆင့်တန်းမြင့်ပြီး ဂုဏ်မောက်သည့်သူဖြစ်သည်။ သူမသည် အသစ်ရောက်လာသည့်သူများအား အေးစက်ပြီး သန့်စင်ကြည်လင်သည့် မြစိမ်းရောင်မျက်လုံးများနှင့် ကြည့်နေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now