1003

449 50 0
                                    

Chapter 1003: တာ၀န်ယူသူ

စစ်သင်္ဘောအတွင်းထဲ၌

ရှီယန် ၊ ဖေးလန် ၊ လီအိုနာ နဲ့ ကာထို့ တို့သည် သေသပ်စွာ ထိုင်နေကြပြီး ရှီယန်၏ ခန္ဓာကိုယ်မှ သွေးမျဉ်းကြောင်းများက သူတို့သုံးယောက်ကို ချိတ်ဆက်ပေးသည်။ စွမ်းအင်များသည် စီးဆင်းနေသော မြစ်သဖွယ် အလုံးအရင်းဖြင့်အတက်အကျ ဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ်များထဲသို့ စီးဝင်သွားကြသည်။

ဤကျင့်ကြံခြင်းအခန်းထဲရှိ ထူးခြားသော စွမ်းအင်သည် အလွန်ထူထပ်သဖြင့် လျင်လျင်မြန်မြန် ပျောက်ကွယ်မသွားနိုင်ပေ။ ဖေးလန် ၊ လီအိုနာ နဲ့ ကာထို့တို့၏ နဖူးပေါ်ရှိ သွေးအမှတ်အသားများသည် သွေးနီရောင်အရှိန်အဝါဖြင့် လင်းနေသော မျက်လုံးများနဲ့ တူနေသည်။ ထိုအမှတ်အသားမှတစ်ဆင့် သူတို့သည် ရှီယန်ထံမှ သန့်စင်သော စွမ်းအင်များကို ပေါပေါများများ စုပ်ယူစုစည်းလိုက်ကြသည်။ ၎င်းက သူတို့၏ ဝိဥာဉ်ယဇ်ပလ္လင်တစ်ခုဆီကို အင်အားတိုးစေပြီး သူတို့၏ ရှေးဟောင်းကီသစ်ပင်ကို ဖြည့်ဆည်းပေးသည်။

ဇူရှီ နဲ့ အရှင်မှော်နက်တို့သည် အခန်း၏ တခြားတဖက်မှ အံ့အားသင့်နေသော မျက်နှာထားများနဲ့ သူတို့ကို စောင့်ကြည့်နေကြသည်။

တခြားသုံးယောက်ဆီသို့ စွမ်းအင်များကို သူ တစ်ဆင့်ပို့ပေးချိန်တွင် ဇူရှီ နဲ့ အရှင်မှော်နက်တို့အား ထွက်သွားရန် သူ မပြောခဲ့ပေ။ ဤလောက၏ ထူးခြားသော တစ်စုံတစ်ရာကို သူတို့နှစ်ယောက်အား သူ မြင်တွေ့စေချင်သည်။

အရှင်မှော်နက်သည် ကြက်သေသေသွားသည်။ သူတို့လေးယောက်ကို စောင့်ကြည့်အကဲခတ်ရင်း သူ့နှလုံးသားထဲ၌ မုန်တိုင်းတစ်ခု ထနေသည်။ လူအချင်းချင်းစွမ်းအင်တစ်ဆင့်ပို့ပေးခြင်းကို သူ ပထမဆုံးအကြိမ် တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် ပို့ပေးသူသည် ရှီယန် ဖြစ်နေသည်။

ရှီယန်၏ ခန္ဓာကိုယ်က ထိုမျှ များပြားသော စွမ်းအင်အတက်အကျကို ဘယ်လိုလုပ် ခံနိုင်သလဲဆိုသည်ကို သူ မသိပါ။ ဤအခြေအနေသည် သူ သိထားသော ဗဟုသုတ အလွန်ဖြစ်ပြီး သူ့ကို စွမ်းအားအပေါ် အသစ်သော ထင်မြင်ယူဆချက်များ ရရှိသွားစေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now