1196

339 43 1
                                    

Chapter 1196: စကြဝဠာတိုက်များတွင်ကျော်ကြားသူ

အေးစက်နေသော အထီးကျန် ကြယ်သေတစ်ခုအထဲတွင် …

ဗလာစိတ်ကူးယဉ်သလင်း များဖြင့်ပြုလုပ်ထားသော ဟင်းလင်းပြင် အစီအရင်၏ ကျောက်ဖြာပေါ်တွင် တောက်ပသော ပိုက်ကွန်တစ်ခုသဖွယ်အလင်းများ ဝင်ရောက်လာသည်။
မကြာမီတွင် အရောင်ငါးမျိုး ကျောက်စိုင်ခဲတစ်ခုသည် ကျောက်ဖြာပေါ်တွင် ပေါ်ထွက်လာသည်။ ရေထဲမှရောင်ပြန်ဟပ်နေသကဲ့သို့ ရောင်စဉ်များထဲတွင် ရုပ်ပုံတစ်ခုသည် တကယ့်လူအစစ်အမှန်ထွက်ပေါ်လာသည့်တိုင်အောင် တဖြည်းဖြည်း ကြည်လင်လာသည်။

ရှီယန်သည် ထိုနေရာတွင် အချိန်အကြာကြီးထိုင်စောင့်နေခဲ့သောကြောင့်် သူ၏မျက်လုံးများပွင့်သွားသည်။ သူသည် ယခုရောက်ရှိလာသော သူကို အာရုံစိုက်လိုက်သည်။ ရှီယန် မျက်မှောင်ကြုံသွားသည်။
"ခင်ဗျား နောက်ကျတယ်"

ရှန်းချန် သက်သက်သာသာပြုံးလိုက်သည်။
"ယွီလေး က ကနေဦးနတ်ဘုရား အဆင့် ဆီကို ဖောက်ထွက်နေပြီ။ သူ့ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ငါသူ့ကို ကာကွယ်ပေးရမယ်လေ။ အကယ်၍ ငါသာ မင်းရဲ့ စာကိုမရရင် ငါအဲ့ဒီမှာပဲနေပြီး သူမကို ဂရုစိုက်နေဦးမှာပဲ။ ငါ့ကိုယ်ငါ အစောကြီး ကိုယ်ထင်ပြမှာမဟုတ်ဘူး"

"ကြည့်ရတာ သူ နတ္ထိကြယ်မှာ ရခဲတဲ့ အတွေ့အကြုံက သူ့ရဲ့ စွမ်းအင်အဆင့်ကို နက်နက်ရှိုင်းရှိုင်း သက်ရောက်စေခဲ့တယ် ထင်တယ်။ သူနတ္ထိကြယ်ဆီက ရတနာအများကြီးရခဲ့တယ်။ သူ့မှာ ရေခဲနဲ့ မိုးကြိုးစွမ်းအားအပေါ် နားလည်မှုအသစ်တွေရနေပြီ။ သူ ထိုးဖောက်အဆင့်တက်နိုင်မယ်ဆိုရင် ဒါဟာ အကျိုးအကြောင်းဆီလျော်တယ်" ရှန်းယင်းယွီ အကြောင်း သူမအဖေ၏ပြောစကားကြားရသောအခါ ရှီယန်၏ မျက်လုံးများတွင် နူးညံသောအပြုံးများပေါ်နေသည်။

ရှီယန်သည် ဟာဆွန်နှင့် တိုက်ခိုက်ပြီး ကမ္ဘာဦးသစ်သီးကိုယူနေရာတွင် ဟာဆွန်သည် သူ၏ လွတ်မြောက်အကန့်အသတ် ကို ပြာကျလုနီးပါးဖြစ်ခဲ့သည်။ ထိုအချိန်တွင် စီစီလျာ နှင့်် ရှန်းယင်းယွီ သည် သူတို့၏ အသက်ကို လစ်လျူရှု့ကာ သူ့ကို ကူညီရန်ကြိုးစားခဲ့သည်။
ကံမကောင်းစွာပင် နတ္ထိကြယ် က သူတို့နှစ်ဦးလုံးကို တိုက်ခိုက်ခဲ့သည်။ သူတို့သည် ဥက္ကာခဲများ နှင့်တိုက်မိသလို ပြုတ်ကျသွားခဲ့သည်။ သူတို့သည် ဆိုးရွားစွာ ဒဏ်ရာရခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now