Chapter 1026: အင်တိုက်အားတိုက်
နက်ပြာရောင် ဂြိုဟ်သိမ်ပေါ်တွင် ထိုင်နေရင်း ရှီယန် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။ သူ့မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။
သူတစ်ချိန်လုံး တိတ်ဆိတ်စွာ စွမ်းအင်ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ ပတ်၀န်းကျင်ရှိ ဟင်းလင်းပြင်ဆက်ကြောင်း ဆယ့်ခြောက်ခုထံ ဝိညာဉ်အသိ ပို့လွှတ်ကာ ဟင်းလင်းပြင်စွမ်းအင်အသိကို ဆင်ခြင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ တစ်ခုက ရုတ်တရက် မငြိမ်မသက်ဖြစ်လာခဲ့သည်။ အမည်မသိ အားတစ်မျိုးက ဖျက်ဆီးပစ်လိုက်သလိုမျိုး ဖြစ်သည်။
သူ၏ ထူးဆန်းသော အမူအယာက ဖေးလန်နှင့် ကျန်လူများကို သတိပြုမိသွားစေသည်။
ရှီယန် ဘာမှ ရှင်းမပြပါ။ သူက မျက်လုံးပြန်မှိတ်ကာ နံပါတ်၉ သက်ရှိကြယ် ပတ်၀န်းကျင်ရှိ အခြား ဟင်းလင်းပြင်ဆက်ကြောင်းများကို ဆက်လက်အာရုံခံကြည့်လိုက်သည်။
မိနစ်အနည်းငယ်အတွင်း ဆေးနှင့်ကိရိယာစံအိမ်အုပ်စု စခန်းချရာ သက်ရှိကြယ်ပတ်၀န်းကျင်မှ ဟင်းလင်းပြင်ဆက်ကြောင်း ငါးခု ဆက်တိုက်ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ ထိုဆက်ကြောင်းများမှတဆင့် တည်နေရာခုန်ကျော်ရန် မဖြစ်နိုင်တော့ချေ။
ရှီယန် မျက်စိမျက်နှာပျက်နေပြီး သူ့အတွေးများက လျှပ်စီးပမာ လှုပ်ခတ်သွားသည်။
သူ ထိတ်လန့်တကြား ထရပ်လိုက်ပြီး အလောတကြီး ပြောလိုက်သည်။
“ဒီပတ်၀န်းကျင်မှာ ဟင်းလင်းပြင်ဆက်ကြောင်း ဆယ့်ခြောက်ခုရှိတယ်။ အဲ့ဒါတွေကို တစ်စုံတစ်ယောက်က ဆက်တိုက်ဖျက်ဆီးပျက်နေတယ်။ အင်အားစုတစ်ခုခုက အဲ့ဒီသက်ရှိကြယ်ကို တိုက်ခိုက်တော့မယ်ထင်တယ်။ ဟင်းလင်းပြင်ဆက်ကြောင်းတွေကို ဖျက်ဆီးနိုင်တဲ့အင်အားစုဟာ သိပ်ကြောက်စရာကောင်းလိမ့်မယ်။ သူတို့ရဲ့ ပစ်မှတ်က ကျားတုပဲ။ ကျားတု ဒီမှာရှိနေတာ သူတို့သိတယ်”ကာထို့ အံ့အားသင့်သွားသည်။ သို့သော်လည်း ကျားတုဒုက္ခရောက်မှာကိုလည်း သူ၀မ်းသာသည်။
“ကိုယ်နဲ့တန်တာ ရတာပဲ။ ဆေးနှင့်ကိရိယာစံအိမ် ကံဆိုးတာပေါ့”