Chapter 1192: ဆယ်နှစ်တာကာလ ကြာ ပျောက်သွားခဲ့သူ တစ်ယောက်
နတ်ဘုရားကလန်သည် အာဂါတေး ကြယ်နယ်မြေကိုစတင်ဝင်ရောက်လာခဲ့သည့်အချိန်မှစ၍ သူတို့၏ ကြီးမြတ်သော တပ်ဖွဲ့၏ ပထမဆုံး အနိုင်ယူခံရခြင်းဖြစ်သည်။
လီအိုနာခေါင်းဆောင်သော သွေးစွန်းစစ်တပ်သည် နတ်ဘုရားကလန် ကို တားဆီးပြီး သူတို့၏ စိတ်ဓါတ်တက်ကြွမှုကို ရိုက်ချိုးခဲ့သည်။ထိုတိုက်ပွဲသည် အာဂါတေးကြယ်နယ်မြေမှ စစ်သည်အားလုံး၏ တိုက်ခိုက်လိုစိတ်ကို ထက်သန်စေခဲ့သည်။ အင်းအားစုများ တက်ကြွခဲ့သည်။ အာဂါတေးကြယ်နယ်မြေသည် စကြ၀ဠာတစ်၀က်ကို အုပ်စိုးသော နတ်ဘုရားကလန်အား ယှဉ်ပြိုင်နိုင်သည်ဟု။ စစ်ပွဲသည် မည်သည့်ဘက်ကိုမျှ အားမသာသယောင် ထင်ရသည်။
သိူ့သော် ထိုတိုက်ပွဲတွင် မွန်းစတားကလန် နှင့် မိစ္ဆာကလန် တို့သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ကြရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့သည် အတုံ့အလှည့်ဖြစ်ကာ တိုက်ပွဲငယ်များတွင် ပါဝင်ပြီး နတ်ဘုရားကလန် ကို သေးငယ်သောဒဏ်ရာများ ဆက်တိုက်ပေးနေသော ဓား ကဲ့သို့ ဖြစ်လာသည်။
ကံမကောင်းစွာပင် နတ်ဘုရားကလန်၏အရှိန်အဝါသည် သန်မာ ကြမ်းတမ်းသည်။ သူတို့တွင် အထူးစစ်သည်များစွာရှိသည်။ အက်စကော့မိသားစုအပြင် ဖာနန်ဒက်မိသားစု နှင့် ပိုင် မိသားစုလည်း ရှိကြသည်။လွန်ခဲ့သော နှစ်နှစ်ခန့်က လီအိုနာသည် နတ်ဘုရားကလန် နှင့် နောက်ထပ်တစ်ကြိမ်တိုက်ခဲ့ဖူးသည်။ သူမသည် နတ်ဘုရားကလန် ၏ စစ်သည်ပေါင်း ၃ထောင်ကိုသတ်ပစ်နိုင်ခဲ့သော သိသာသောရလဒ်ကို ထွက်ပေါ်စေခဲ့သည်။ သို့သော် ထိုတိုက်ပွဲတွင် သူတို့ဘက်တွင် ပိုကြီးသောဆုံးရှုံးမှုရှိခဲ့သည်။
လီအိုနာ၏အဖွဲ့သည် သွေးတစ္ဆေကြယ်သို့ ဆုတ်ခွာခဲ့ရသည်။ သူတို့ သည် သရဲအရိပ်အကျဉ်းထောင် နှင့် သွေးတစ္ဆေကြယ်ကို ဆက်သွယ်ပေးထားသော သားအမိ ကြယ်တာရာအစီအရင်ကို ဖျက်ဆီးခဲ့ရသည်။ ထိုအစီအရင်ကိုသုံးကာ နတ်ဘုရားကလန်က သူတို့ကို နောက်ယောင်ခံလိုက်နိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။