1082

335 45 0
                                    

Chapter 1082: ပါရမီရှင် တပ်မှူး

ကြီးမားကျယ်ပြန့်သည့် ပင်လယ်ကြီးအထက်၌ နတ်ဘုရင်အဆင့်ရောက်သိုင်းသမားများဖြင့် ဖွဲ့စည်းထားသော စစ်တပ်နှစ်ခုသည် စုရုံးပြီး ထူးခြားသည့် အနေအထားနဲ့ တန်းစီထားကြသည်။ ထိုသူတို့သည် တစ်ဖက်နှင့်တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။

တစ်ဖက်မှ တပ်မှူးလူငယ်၏ နာမည်သည် ယွီတောက် ဖြစ်ပြီး ရှောင်အန်၏ တပည့်တစ်ယောက်ဖြစ်သည်။ သူသည်းလည်း စစ်၀င်္ကဘာနှင့် နည်းဗျူဟာများကိုဘယ်လိုအသုံးပြုရမည်ကို သိသူဖြစ်၏။ သူသည် နတ်ဘုရားကလန်နဲ့ တိုက်ခိုက်ရင်း အတွေ့အကြုံအများကြီး ရခဲ့သည်။ ဤအပိုင်း၌ သူ့ကို အတွေ့အကြုံရင့်ကျက်သူဟု ယူဆနိုင်၏။

ယွီတောက်သည် အေးဆေးတည်ငြိမ်စွာ မိုးစက်မီးလျှံကြယ်နယ်မြေ၏ နတ်ဘုရင်အဆင့်ရောက် သိုင်းသမား သုံးရာကျော်ဖြင့် ဖွဲ့စည်းထားသော အစီအရင်၏ အလယ်ဗဟို၌ ရောနှောနေ၏။ သူသည် တစ္ဆေရိပ်တစ်ခုသဖွယ် ယိမ်းယိုင်လှုပ်ရှားရင်း မှုန်တည်တည်မျက်နှာထားဖြင့် ဆက်တိုက်ညွှန်ကြားနေသည်။

သူ့အသံသည် ရှင်းလင်းပြတ်သားပြီး အေးစက်စက်နိုင်သည်။ သူ့အသံထဲတွင် မိုးစက်မီးလျှံကြယ်နယ်မြေ၏ သိုင်းသမားများအား လှုံ့ဆော်နိုင်သော ထူးခြားသည့်အရာတစ်စုံတစ်ခု ပါနေသလိုပင်။ သူ့အသံ၏ လှုံ့ဆော်မှုဖြင့် ထိုသိုင်းသမားများသည် စတင်တိုက်ခိုက်ချင်လာကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းရည်များသည် အမှန်တကယ် ထိုးတက်သွားသည်။

ယွီတောက်သည် အသံစွမ်းအင်အသိကို ကျင့်ကြံထားသည်။ ဤကဲ့သို့သော စွမ်းအားမျိုးနဲ့ဆိုလျှင် ညွှန်ကြားအမိန့်ပေးရသော တိုက်ပွဲမျိုး၌ သူက အလိုအလျောက်အသာစီးသွားပြီဖြစ်သည်။ တစ်ချိန်တည်း၌ သူ့စစ်သည်များ၏ စွမ်းရည်ကိုလည်း နှိုးဆွနိုင်၏။ သူတို့က သေခြင်းအား သတိမမူမိဘဲ ၊ ပြင်းပြင်းထန်ထန် သွေးဆာစေပြီး နာကျင်မှုမခံစားနိုင်အောင်ပင် သူ လုပ်နိုင်သည်။

သူ အမိန့်ပေးညွှန်ကြားသော စစ်သည်သုံးရာပါသည့် စစ်တပ်သည် သွေးသောက်မည့် ဓားရှည်တစ်ခုပုံစံ ဖွဲ့စည်းကြသည်။ ထိုဓားရှည်သည် ကြမ်းတမ်းရက်စက်ပြီး သွေးဆာ၏။ လူသုံးရာ၏ ကီအနှစ်သာရသည် စီးကြောင်းတစ်ခုအဖြစ်သို့ ပေါင်းစပ်သွားကြသည်။ သူတို့၏ မတူညီသော စွမ်းအားအတက်အကျများသည် စတင်စည်းချက်ညီလာကြပြီး ထူးခြားကောင်းမွန်သော စုပေါင်းဆောင်ရွက်မှုတစ်ခုကို ဖန်တီးလိုက်ကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now