1053

334 44 0
                                    

Chapter 1053: ခိုင်ခံ့သော မည်သည့်အရာကိုမဆို ချိုးဖြတ်နိုင်ခြင်း

ရှီယန်၏ ဝိဥာဉ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လာပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ ထိုအခါ အလွန်ပင်ပန်းနေပုံပေါ်သော ဇူရှီကို သူ တွေ့လိုက်ရ၏။

ဇူရှီးသည် ဖရိုဖရဲ ဖြစ်နေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နဲ့ မျက်နှာမှာပင် ဖုန်မှုန့်များ ရှိနေသည်။ သို့သော် သူမ၏ မျက်ဝန်းကြီးကြီးများသည် သူ့ကို စူးစိုက်၍ ကြည့်နေဆဲဖြစ်သည်။ သူထိတ်လန့်သွား၏။

"မင်း အနားမယူတာ ဘယ်လောက်တောင် ကြာပြီလဲ။ မင်းပုံစံက ငါ့ထက် ဘာလို့ ပိုပင်ပန်းနေပုံပေါက်နေရတာလဲ" ရှီယန် အံ့သြသွားသည်။

"နင် စပြီး ကျင့်ကြံကတည်းက ငါလည်း မနားခဲ့ဘူး" ဇူရှီ အားတင်းကာ ပြုံးပြလိုက်၏။ သူမ စိတ်သက်သာရသွားဟန် အသက်ရှူထုတ်လိုက်ပြီး " နင် အဆင်ပြေလို့ တော်သေးတာပေါ့။ အခုတော့ ငါ စိတ်လျော့ပြီး ပြန်ကောင်းလာအောင် စလုပ်လို့ရပြီ"

သူမကို ကြည့်ပြီး ရှီယန် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူ ခပ်တိုးတိုးလေး ပြောလိုက်၏။ "အရူးမလေး ဒီနေရာမှာ လုံခြုံပါတယ်။ နင်ဘာလို့ အရမ်းစိတ်ဖိစီးနေရတာလဲ။ ဥက္ကာပျံတွေက ဒီနေရာမှာ အမြန်ဆုံးနှုန်းနဲ့ သွားနေကြတာ။ ဘယ်စစ်သင်္ဘောကမှ ဒီနေရာကို ဝင်မလာရဲကြပါဘူး။ အဲ့ဒါကြောင့် ဒီနေရာမှာ တခြားသူတွေ မရှိနိုင်ပါဘူး။"

"ဒါပေမယ့် ကျင့်ကြံတဲ့အချိန်မှာ နင့်ဝိဥာဉ်က ခန္ဓာကိုယ်ကနေ ထွက်သွားတယ်လေ။ တကယ်လို့ တစ်ယောက်ယောက်လာခဲ့ရင် နင့်ကို မြန်မြန်ကြီးသတ်လိုက်လို့ ရတယ်" ဇူရှီက လေးနက်စွာ ပြောလိုက်သည်။

"နင် ကောင်းကောင်းအနားယူသင့်တယ်။ ငါလုပ်စရာရှိလို့ အပြင်ထွက်လိုက်အုံးမယ်" ရှီယန် အလွန်စိတ်မကောင်းဖြစ်သွားသည်။ ဤမိန်းကလေးက သူ့ကို ဘယ်လောက်ကြာကြာ မအိပ်မနေကာကွယ်ပေးခဲ့လဲဆိုသည်ကို သူ မသိပါ။ သူမက သူကျင့်ကြံနေစဉ်တွင် သူ့အပေါ် မမျှော်လင့်တာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေသည်။

"ငါ နင်နဲ့ လိုက်ခဲ့မယ်" ဇူရှီက သူမ၏ မျက်ဝန်းကြီးကြီးတွေကို ဖွင့်လိုက်သည်။ သူမ စွမ်းအင်တွေကို လှုံ့ဆော်ပြီး စိတ်အားထက်သန်နေသည့်ဟန် ဟန်ဆောင်၍ " ငါ အဆင်ပြေပါတယ်"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now