1040

369 51 0
                                    

Chapter 1040: မဟာမိတ်များ

ကြယ်သေပေါ်တွင်…
ရှီယန်က သွေးတစ္ဆေ၊ ဘာသာ၊ ကုတဲ့တို့နှင့် စကားတပြောပြောဖြင့် ရှိသည်။ မွန်းစတားကလန်နှင့် မိစ္ဆာကလန်မှ အခြားအကြီးအကဲများလည်း လာနားထောင်တတ်ကြသည်။ ရှီယန်က နတ်ဘုရားကလန်၏ အင်အားကြီးမားပုံအကြောင်းပြောပြတိုင်း သူတို့ တုန်လှုပ်ခြောက်ခြားနေကြဆဲဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဖေးလန်နှင့်ကာထို့တို့အုပ်စု ကြယ်သေပေါ်သို့ ရောက်ရှိလာကြသည်။

များမကြာမီမှာပင် ဖုန်းယန်သည်လည်း မုန်တိုင်းတပ်ဖွဲ့စစ်သင်္ဘောဒါဇင်ပေါင်းများစွာနှင့် ဆိုက်ရောက်လာသည်။ သူမက ရှာစင်းယန်ကို တိုက်ခိုက်ရေးအဖွဲ့အစည်းသို့ ပြန်ခေါ်ရန်လာခြင်းဖြစ်သော်လည်း ရှာစင်းယန်က ငြင်းဆိုထားသည်။

သူတို့ ကြယ်သေပေါ်တွင် ဆွေးနွေးတိုင်ပင်ကြသည်။ ရှေ့လျှောက်ရမည့်ခရီးက အာဂါတေးကြယ်နယ်မြေတစ်ခုလုံးနှင့် သက်ဆိုင်နေသည်မဟုတ်ပါလော။
သူတို့အားလုံး လျှို့ဝှက်အစီအစဉ်အချို့ သဘောတူ ချမှတ်ကြသည်။

ကြယ်သေက သိပ်မကျယ်သောကြောင့် မွန်းစတားကလန်နှင့် မိစ္ဆာကလန်တို့ စစ်သင်္ဘောများ ဆိုက်ပြီးချိန် နေရာသိပ်မကျန်တော့ချေ။
ဖုန်းဟန်၏ မုန်တိုင်းတပ်ဖွဲ့စစ်သင်္ဘောများက အနီးရှိ အခြားကြယ်သေတစ်ခုပေါ်တွင် စခန်းချရသည်။

နောက်တစ်ရက်နှစ်ရက်အတွင်း ဆေးနှင့်ကိရိယာစံအိမ်မှ သိုင်းသမား ရာကျော်ခန့်ကိုခေါ်ဆောင်ကာ ကျားတုရောက်ရှိလာသည်။
သူတို့က ဖုဝေ့ကို အမှတ်၉ သက်ရှိကြယ်ထံ ပြန်ခေါ်လိုခြင်းဖြစ်သည်။

ကျားတု ရောက်လာချိန်တွင် မွန်းစတားကလန်နှင့် မိစ္ဆာကလန်မှ စစ်သင်္ဘောများကို တွေ့ပြီး အမူအရာအနည်းငယ် ပြောင်းလည်းသွားသည်။

ဖုဝေ့နှင့် ရှီယန်က သူ့ကို သွားကြိုကြသည်။ ဒီတစ်ကြိမ် ရှီယန်နှင့် ဆုံချိန်တွင်တော့ ကျားတုမျက်နှာတွင် ယခင်ကဲ့သို့ မောက်မာမှုများမရှိတော့ပါ။

အမှတ်၉ ကြယ် တိုက်ပွဲတွင် သူ မှော်ကြေးမှုံမှတဆင့် အနည်းနှင့်အများတော့ မြင်တွေ့ခဲ့သည်။
ရှီယန်က သာမန်မဟုတ်သည်ကို သူသိသွားသည်။ သူ့ စွမ်းအင်အဆင့်က သိပ်မမြင့်သည့်တိုင် အားကုန်ထုတ်သောအခါ ကမ္ဘာကိုဖျက်မည့် ခွန်အားတွေ ထွက်ပေါ်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now