Chapter 1162: ဝင်္ကဘာများ၏ မူလရင်းမြစ်
" နင် ဒီမှာ ဘာလို့ရှိနေတာလဲ။"
စီစီလျာ က စိတ်တည်ငြိမ်သွားသောအခါ ရှီယန်ကို ပြန်ခွာလိုက်သည်။
ရှင်းယင်းယွီ၏ မျက်လုံးများ တစ်ဖန် ငြိမ်သက်သွားပြီး ရှီယန်ကို အကဲခတ်နေသည်။စီစီလျာ နှင့် ရှင်းယင်းယွီတို့သည် ရှီယန်ကို မေတ္တာသက်ဝင်ခြင်းမရှိပေ။ သူတို့ ထိုသို့ပြုမူခဲ့ရခြင်းသည် သူတို့ ပြိုလဲသွားနိုင်သည့် နောက်ဆုံးအချိန်လေးတွင် တစ်စုံတစ်ဦး ပေါ်လာသောကြောင့်ဖြစ်သည်။ သူတို့ အလိုအပ်ဆုံးအချိန်တွင် ရှီယန် ထွက်ပေါ်လာပြီး သူတို့၏ ခံစားချက်များ၏ စိတ်ထွက်ပေါက်ဖြစ်စေသည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
သူတို့ စိတ်ငြိမ်သွားပြီးနောက် ရှီယန်နှင့် အကွာအဝေးတစ်ခုသို့ တိတ်ဆိတ်စွာ ခွာလိုက်သည်။ သို့သော် ထိုအပြုအမူသည် ရှီယန် ကောင်းကင်မှမည်သို့ဆင်းလာသည်ကို သိချင်သောစိတ်ကို မတားဆီးနိုင်ပေ။
"ကောင်းပြီ။ တစ်ယောက်ယောက် က ငါ့ကို ကျိန်ဆဲနေတဲ့ အသံကြားလိုက်တယ်။" ရှီယန်က ပြုံးလိုက်ပြီး စီစီလျာကို ကြည့်လိုက်သည်။ သူသည် စီစီလျာ၏အလှကို စိတ်ထဲတွင် ချီးကျူးလိုက်သည်။
"ငါ ထင်တာ မမှားဘူးဆိုရင် ငါ့ကို ကြိမ်ဆဲနေတာ မင်းပဲဖြစ်ရမယ်" ရှီယန်ပြောလိုက်သည်။"ဟုတ်တယ်။ ငါပဲ" စီစီလျာက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများလှုပ်ရှားသွားပြီး သူမ၏ ရင်သားများ ခုန်လှုပ်သွားသည်။ အကြည့်တစ်ချက်ဖြင့် လူတွေကို နှစ်မြောသွားစေနိုင်သည်။
သူမသည် ရှင်းယင်းယွီ ကဲ့သို့ နူးညံပျော့ပြောင်းပြီး မလှပသော်လည်း သူမတွင် ရင့်ကျက်သော ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ဦး၏ အားသာချက်ရှိသည်။ သူမသည် လူများ၏ စိတ်ကို ဖမ်းစားနိုင်ပြီး သိုလှောင်ထားနိုင်သည့် နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိလှသည်။"နင် ဒီနေရာကို ရုတ်တရက် ဘယ်လိုရောက်လာတာလဲ" ရှင်းယင်းယွီ က အံသြစွာ မေးလိုက်သည်။ သူမ၏ အညိုရောင် မျက်ခုံးများကျဉ်းသွားကာ ရေရွတ်လိုက်သည်။ "ငါသိရသလောက်ဆိုရင် ဘယ်သူမှ ဝိညာဉ်အသိကို အလယ်ဗဟိုမှာ အသုံးပြုလို့မရဘူး။ နင်.. နင့်ရဲ့ဝိညာဉ်အသိကိုသုံးပြီး ငါတို့ကို ရှာဖွေလိုက်တာတော့ မဟုတ်ပါဘူးနော်"